Enemy

907 107 22
                                    

Zawgyi

Jimin အိမ်ထဲကို ဝင်လာခဲ့ရင်း အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်သည်
တစ်ခု နားမလည်တာက Jungkookပြောသွားတဲ့ စကားကိုပဲ

Hyungတွေ ဘာပြောမလဲဆိုတာ သူက ဘယ်လိုသိနေတာလဲ အာ... သိမှာပေါ့ သူက Jin hyungနဲ့ တူတူနေ နေတာပဲ... ငါ ခုနက ဘာလို့ မတွေးလိုက်မိတာပါလိမ့်

အိမ်ထဲကို ဝင်လာတော့ ဧည့်ခန်းထဲမှာ အားလုံးရောက်နေကြပြီ

Namjoonက Hoseokနဲ့ တူတူ ဆိုဖာပေါ်ထိုင်ပြီး TV showကြည့်ရင်း အဲထဲက မင်းသားအကြောင်း ဆွေးနွေးနေကြပုံ

Taehyungက သူ့ဖုန်းနဲ့ဂိမ်းဆော့နေသည်
ဒေါသထွက်နေပုံပေါ်ရင် ဂိမ်းရှုံးနေလို့ထင်သည်

Yoongiကလည်း ဆိုဖာပေါ်မှာ လှဲအိပ်နေသည်

Jin ကတော့ ထုံးစံအတိုင်း စားဖို့သောက်ဖို့ ပြင်ဆင်နေသည်

Jiminရဲ့ညီမကလည်း သူတို့နဲ့ တူတူ ဧည့်ခန်းထဲမှာ ထိုင်နေသည်

ဒီအခြေအနေကြီးကို သူသဘောမကျပါ

' မင်းပြောတာ မှန်တယ်ထင်တယ် Jeon... အခြေအနေက သိပ်မဟန်ဘူး '

" ဟေးး Jimin... နောက်ဆုံးတော့ ရောက်လာပြီ "

Jinရဲ့ အသံကြားတော့ အားလုံးရဲ့ အတည်ပေါက် အကြည့်တွေက Jiminဆီ တန်းရောက်လာသည်

သူတို့ အားလုံးရဲ့ မျက်ဝန်းတွေက စိုးရိမ်နေတဲ့ပုံ ပြီးတော့ တစ်ခုခုကို သိချင်နေတဲ့ပုံ

အားလုံးကို ပြုံးပြလိုက်တော့ Taehyungက နှာခေါင်းရှုံ့သည် ဘာလို့လဲဆိုတော့ Jiminရဲ့အပြုံးက အစစ်အမှန်မဟုတ်မှန်း Taehyungသိသည်
အဲလို Jiminကြိုးစားပြုံးနေရတာမျိုးကို မြင်ရတာ နာကျင်သည်

" ဟေးး အားလုံး "

Jimin စကားစလိုက်ပြီး ဧည့်ခန်းထဲက ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ကာ သက်ပြင်းချရင်း

" ဘာဖြစ်နေကြတာလဲ ငါ့ကို ဘာလို့ ခုလိုတွေ့ဖို့ခေါ်လိုက်တာလဲ ပြီးတော့ Yuriကရော ဘာလို့ ဒီရောက်နေတာလဲ တစ်ခုခုဆွေးနွေးစရာရှိလို့လား ဟုတ်လား "

" ဟုတ်တယ် "

Jinက လှမ်းပြောလိုက်ရင်း စိုနေတဲ့ လက်တစ်စုံကို အဝတ်နဲ့ သုတ်ကာ မီးဖိုခန်းထဲက ထွက်လာသည်
ပြီးတော့ Jiminရဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ် ထိုင်လိုက်ကာ

Ice Cold | Jikook Where stories live. Discover now