Zawgyiတံတားပေါ်မှာ ရပ်နေဆဲပဲ......
ဘ၀မှာ ရှိခဲ့တဲ့ ပျော်စရာအချိန်တွေ, ၀မ်းနည်းစရာ အချိန်တွေ, ကြောက်စရာ အချိန်တွေ, စိတ်ရှုပ်စရာ အချိန်တွေ ကို ပြန်စဉ်းစားရင်း....
Jungkookနဲ့အတူတူ ရှိနေတဲ့အချိန်ဆို ထိုခံစားချက်တွေ အားလုံး တည်ရှိခဲ့တယ်....
ခက်ခဲမှန်းသိပေမယ့်လည်း ထိုခံစားချက်တွေ အားလုံး မေ့ပျောက်အောင် ကြိုးစားသင့်နေပြီ...
ဆက် ဖြစ်လာမယ့် အရာကိုသာ အာရုံစိုက်သင့်တယ်မလား...ကျောင်းစတက်တဲ့အချိန်ကနေ ခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှတွေကို ရှင်းထုတ်ပစ်တော့မည်လေ...
-------------×-------------
" မင်္ဂလာပါ ငါ့နာမည်က Park Jimin တွေ့ရတာ ၀မ်းသာပါတယ် အားလုံးနဲ့လည်း ခင်ချင်ပါတယ် "
" ဟုတ်ပြီ Jimin.. နေရာမှာ ထိုင်လို့ရပြီနော်.. "
ဆရာဖြစ်သူက အပြုံးလေးဖြင့် ပြောသည်...
နေရာမှာ ထိုင်ဖို့ လျှောက်လှမ်းလာရင်း ကြမ်းပြင်ရှိ တစ်စုံတစ်ရာတစ်ခုကြောင့် ချော်လဲလေသည်...
ကံကောင်းစွာနဲ့ပဲ တန်ဖိုးရှိသော သူ့မျက်နှာလေး ကြမ်းပြင်နဲ့ မထိအောင် လက်ထောက်လိုက်ရသေးသည်....
တစ်တန်းလုံးရဲ့ ရယ်သံများဟာလည်း ဟိန်း၍...
----------×----------
Jiminရဲ့ နှလုံးခုန်နှုန်းတွေ အသေမြန်လာသည်..
အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးတော့ နှလုံးခုန်နှုန်းတွေက တဖြည်းဖြည်း ပြန်နှေးလာပြီး ပုံမှန်သို့ရောက်ရှိသွားသည်...
သူ့ နည်းလမ်းကိုသူ အလုပ်ဖြစ်လားမသိ စမ်းသပ်ချင်တာနဲ့ နောက်ထပ် ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို စဉ်းစားလိုက်သည်..-----------*------------
Jimin အိမ်မှာ ရှိနေတုန်း သူ့အခန်းထဲမှာ ရေချိုးခန်းမရှိတာကြောင့် အောက်ထပ်ကို လာပြီး ရေချိုးရသည်...
အောက်ထပ် ရေချိုးခန်းထဲရောက်မှ အပေါ်ထပ်မှာ အ၀တ်အစား မေ့ခဲ့မှန်းသတိထားမိသည်...
YOU ARE READING
Ice Cold | Jikook
FanfictionMYANMAR TRANSLATION PLEASE SUPPORT THE ORIGINAL STORY BY THE AUTHORNIM @aidajikook Zawgyi အချစ်ဆိုတဲ့အရာကြီးကို မေ့ဖျောက်ရင်း အချစ်ကြောင့် ခံစားနေရတဲ့နာကျင်မှုတွေကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ Jimin Unicode အချစ်ဆိုတဲ့အရာကြီးကို မေ့ဖျောက်ရင်း အချစ်...