Help

2.5K 330 19
                                    

Zawgyi

" မဟုတ်ဘူး ငါ အခု သတိထားမိတာက အာ...
ဘယ်လိုပြောရမလဲ, ငါ မင်းကို သဘောကျတယ် Tae..
အချစ်ဆုံးသူငယ်ချင်းထက်ပိုပြီးတော့,
Taehyung... ငါ့ ချစ်သူဖြစ်ပေးနိုင်မလား "

အားလုံးကြက်သေ သေသွားပြီး
အားလုံးရဲ့အကြည့်တွေက Jungkookရှိရာသို့...

Jungkook လည်း သူ့ကမ္ဘာကြီး ပျက်သုဉ်းသွားသလိုပင်

ကိုယ် ချစ်ရတဲ့လူကို ဆုံးရှုံးလိုက်ရတဲ့အပြင်
အခု ထိုချစ်ရသူက
အခြားတစ်ယောက်ကိုတောင် ချစ်နေပြီတဲ့လား

ထိုအတွေးများနဲ့ တုန်ရီစွာပင် အနောက်ကို ဆုတ်သွားမိရင်း
နောက်မှာရှိတဲ့ ခုံရှည်နဲ့တိုက်မိပြီး မြေကြီးပေါ် ပုံကျသွားလေသည်

မျက်ရည်တွေလည်း အဆက်မပြတ် ကျဆင်းနေပြီး

' မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး '

ထိုစကားသာ ခေါင်းထဲတွင် ထပ်တလဲလဲ

Jinက Jungkookဘေးကို ပြေးသွားကာ တင်းကျပ်စွာ ဖက်ထားပေးသည်

" Tae? ငါပြောတာ ကြားရဲ့လား "

Taehyungလည်း သူ့ရှေ့က Jungkookရဲ့မြင်ကွင်းကြောင့် ကြက်သေ သေနေရာမှ

" uh.. အင်း အင်း... ငါ အခုလာပြီ "

ထိုသို့ပြောပြီး ဖုန်းချလိုက်သည်

" Jungkook.. ငါ Jiminဆီ မသွားခင် ငါ တစ်ခုမေးချင်တယ်

ဘာမှ မဖြေဘဲ
လေဟာနယ်ကိုသာ အကြည်စိုက်နေသော Jungkook

" Jungkook!! "

Jungkookလည်း အတွေးထဲမှ အသိပြန်လည်လာပြီး Taehyungကို
ဗလာကျင်းနေသော မျက်ဝန်းများဖြင့် ကြည့်နေသည်

" အခု ငါ့ကိုပြော! မင်း သူ့ကို ချစ်လား "

အားလုံးလည်း Jungkookကိုကြည့်နေမိသည်

ထိုမေးခွန်းကိုကြားတော့
Jungkookအလိုအလျောက် ပြုံးမိသည်

" သေချာတာပေါ့ ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးထက် ပိုချစ်တယ် "

" ဟုတ်ပြီ.. အားလုံး အိမ်ပြန်ကြတော့လေ... ညနက်နေပြီ မနက်ဖြန်မှ ဆက်ပြောရအောင် " - Taehyung

Ice Cold | Jikook Where stories live. Discover now