Rejection ( Zawgyi+Unicode )

4K 453 51
                                    

Zawgyi

ပန်းခြံထဲက တံတားပေါ်မှာ ရပ်နေတဲ့ Jimin...
ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲတောင်မမှတ်မိ...
ဒီတိုင်းသာ ရပ်နေမိတာ...
လေအေးအေးလေးက သူ့ဆီကို ဦးတည်တိုက်ခတ်လာရင်း သူ့ရဲ့ လိမ္မော်ရောင် ဆံနွယ်တွေကို ရှုပ်ပွစေသည်...

အဲဒီ ပြီးခဲ့တဲ့အကြောင်းကို ပြန်စဉ်းစားမိတဲ့အချိန်တိုင်း ပိုပိုပြီး နာကျင်သည်...
နာကျင်မှုက သိပ်ကို ပြင်းထန်သည်..
သူ့နှလုံးသားကို တစ်လွှာချင်း ခွာချနေသလိုပင်...

ငိုနေမိသည်.... သူ့နာကျင်မှုတွေကို ကုစားပေးမယ့်လူကို စောင့်မျှော်နေရင်း ငိုမိသည်..
ဒါပေမယ့် အဲလိုလူ တစ်ယောက်မှမရှိဘူး...
အခုချိန်ထိ သူတစ်ယောက်တည်းသာ..
သူ့စိတ်တွေလည်း မှောင်မိုက်ပြီးနာကျင်လွန်းတဲ့ အဲဒီအတိတ်ဆီသို့သာ...

ဒါက ဘဝမှာ အဆိုးဝါးဆုံး အတိတ်...
ထိုအတိတ်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း...

-----------
ဖွင့်ပြောခဲ့တဲ့ည :

ဒီအချိန်မှာ Jimin ကြောက်ရွံ့နေမိသည်...
သူနဲ့ Jungkookစတွေ့ကတည်းက အခုချိန်ထိကို ခုလိုကြောက်စရာကောင်းတဲ့ Jungkookရဲ့ မျက်နှာအနေအထားကို မမြင်ဖူးခဲ့ပေ..

မျက်နှာက တည်ငြိမ်မှုန်ကုပ်နေကာ မျက်ခုံးက ကျုံ့ထားသေးသည်..
အံကြိတ်ထားသည့်အတွက် မေးရိုးသည်လည်း ဆန့်တန်း၍....

Jiminတကယ် နားမလည်နိုင်တော့ဘူး..
ဒူးတွေကလည်း တုန်နေပြီ..
တစ်ကိုယ်လုံးလည်း ကြက်သီးတွေထနေသေးသည်...
ဖွင့်ပြောလိုက်ပြီးတော့ ရရှိလာမယ့် တုန့်ပြန်မှုကို တွေးပြီး ကြောက်ရွံ့နေမိသည်...

" မင်း. ဘာ. ပြော. လိုက်. တာ. လဲ. Jimin "

တုန်ရီစွာ ရပ်နေတဲ့ Jiminကို Jungkook အံကြိတ်ပြီး မေးလိုက်သည်..

" ပြော!!!! "

Jungkook အော်ပြောလိုက်သည်က ရှေ့တည့်တည့်က ကောင်လေးကို လန့်သွားစေသည်..

" ..ငါ.. ငါ မင်းအပေါ်မှာ.. ခံ စား ချက် ရှိနေပြီ.. လို့ ပြောတာ.. jungkook.. "

ထစ်ငေါ့စွာပြောလိုက်မိသည်.. ပြီးတော့ တစ်ချက် တံတွေးမြိုချလိုက်ကာ...

Ice Cold | Jikook Where stories live. Discover now