The Truth

1.1K 109 10
                                    


Zawgyi

" hyung? "

" hyung... ကျွန်တော် အရေးကြီးတာလေးပြောစရာရှိလို့ "

Jungkookကို လှည့်ကြည့်လိုက်တာနဲ့ Jimin ချက်ချင်းကို ဒေါသတွေလှိုက်တက်လာလေသည်

" တောင်းပန်ပါတယ်.. ကျွန်တော် တကယ် တောင်းပန်ပါတယ် Jimin...ကျွန်တော် ပြောဆိုဆက်ဆံခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်... တကယ်တော့ ကျွန်တော် အမှန်တရားကို ရင်ဆိုင်ဖို့ သတ္တိမရှိခဲ့တာ... အဲ အမှန်တရားက... "

စကားဆက်မပြောခင် Jiminကို မဝံ့မရဲကြည့်လိုက်ပြီးမှ

" အမှန်တရားက- ကျွန်တော် hyungကို ချစ်တယ်.... အရမ်းချစ်တယ် Jimin... ကျွန်တော် ဘာအခက်အခဲတွေပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အဖြေက hyungပဲ... hyungကြောင့်သာ ကျွန်တော့်ရဲ့ဘာမှ‌ကောင်းကျိုးမပေးတဲ့ ဒီဘဝကြီးကို မရရအောင် တွယ်ကုပ်နေခဲ့မိတာ... ကျွန်တော် Jiminကို လိုအပ်တယ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ကျေးဇူးပြုပြီး "

ဖွင့်ပြောစရာ ပြီးသွားတော့ ဒီလို စကားအကြီးကြီးတွေ တစ်ချက်မှ မထစ်ဘဲပြောလိုက်မိတာကို ကိုယ့်ဘာသာ စိတ်ထဲကနေ ဂုဏ်ယူမိသည်
ခုတော့ တစ်ဖက်လူသားဆီက တုန့်ပြန်မှုကိုသာ စောင့်နေလိုက်သည်

ထိုစကားများ ကြားပြီး Jimin တွေဝေသွားသည် ဒီစကားတွေ ကြားရလိမ့်မယ်လို့ မတွေးထားမိဘူး ပိုဆိုးတာက Jungkookရဲ့နှုတ်ကနေ ဒီလို စကားမျိုးတွေ အတိအကျ ထွက်လာလိမ့်မယ်လို့လည်း တစ်ခါမှ မျှော်လင့်မထားခဲ့မိဘူး
ဒီစကားတွေဆိုတာ ခံစားချက်မ‌ပျောက်ခင်တုန်းက ဘယ်တော့မှကို လှမ်းဆုပ်နိုင်မှာ မဟုတ်တဲ့ တန်ဖိုးကြီးတဲ့ အိပ်မက်တွေ
အခု? အခုတော့ Jungkookပြောလိုက်တဲ့ စကားလုံးမှန်သမျှ အတိအကျကို ကြားလိုက်ရသည်

Jungkookက အခု သူ့ရဲ့ အချစ်အကြောင်း ဖွင့်ပြောတာတင်မဟုတ်ဘဲ ကိုယ်က သူ့အခက်အခဲတွေအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ အဖြေ ဖြစ်နေတာ?

ပြီးတော့ သူက ကိုယ့်ကို လိုအပ်တယ်?
ခွင့်လွှတ်ဖို့ တောင်းဆိုတာမျိုးတွေ ဒါတွေအကုန်လုံးတင်မဟုတ်ဘဲ
သူ စကားပြောနေတုန်း သူ့အကြည့်တွေ
အနည်းငယ် ကြောက်နေပုံပေါ်ပေမယ့် ဆုံးဖြတ်ချက်တိကျမှုတွေ ရိုးသားမှုတွေနဲ့ပြောနေတာ
အများဆုံးက အချစ်တွေနဲ့ပြည့်နှက်နေတဲ့ မျက်ဝန်း‌တွေ

Ice Cold | Jikook Where stories live. Discover now