Doomed

1.3K 130 12
                                    

Zawgyi

Jiminက တော်တော် စိတ်ပျက်သွားပုံပေါ်ကာ အသံကြားရာကို လှည့်ကြည့်လိုက်သည်

" အာ... ရေ လာ သောက်တာ "

ကြမ်းပြင်ပေါ်ထိုင်ချမိရာကနေ ထဖို့လုပ်ရင်း Yuri ပြန်ဖြေလိုက်သည်

" ရ-ရတယ်‌ရယ် ... ဆ-ဆက်လုပ်နော် "

စိတ်မသက်မသာစွာနဲ့ အခန်းထဲကို ပြန်ဖို့လုပ်နေတဲ့ Yuri

" ရပါတယ် ... ရေသောက်မလို့ဆို? လာသောက်လေ "

Taeကတော့ ဘာစကားမှကိုမပြောနိုင်ဘူး
Yuriက သူ့ကို ခုလို ပုံစံနဲ့ တွေ့သွားတာကို တကယ်ကိုရှက်သွားသည်

" မဟုတ်ဘူး အခန်းထဲဝင်တော့မယ်... ခုထက်ပိုပြီး အနှောင့်အယှက်မဖြစ်စေချင်လို့ "

ထိုသို့ပြောကာ လှည့်ထွက်သွားသည်

" အဆင်ပြေရင် ပြီးရော "

Jiminက ပြုံးပြကာ လှမ်းပြောလိုက်သေးသည်

ထိုအပြုံးကြောင့် Taehyungကြောင်နေရာမှာ ရုတ်တရက် လန့်သွားသည်

ဘာကြောင့်လဲဆိုတော့ Yuriထွက်သွားတော့ Jiminရဲ့အပြုံးက အစကတည်းက မပြုံးခဲ့သလိုပဲ ချက်ချင်းပျောက်သွားသည်
လုံးဝ လုပ်ကြံပြီး အတင်းပြုံးထားရတဲ့ ပုံစံ
သူတကယ့် စိတ်ရင်းနဲ့ မပြုံးခဲ့ဘူး

ဒါက ဟန်ဆောင်နေတာ!

/ ငါ ဒီအပြုံးကို သိတယ်...သူ နေ့တိုင်း အချိန်တိုင်း ငါ့ကို ပြုံးပြတဲ့ အပြုံး... ဒီအပြုံးက နွေးထွေးမှုကို ပေးခဲ့တယ်ထင်တာ... ဒါပေမယ့် မဟုတ်ဘူး အစစ်အမှန်တောင်မဟုတ်ခဲ့ဘူးမလား.... ငါတို့က အဆင်မပြေနေခဲ့ဘူးပဲ... နည်းနည်းတောင်မှလေ.../

ဒီအခြေအနေကြောင့် Taehyungချက်ချင်းပငါ အမူးပြေသွားသည်
အသိဝင်လာတာနဲ့ ချက်ချင်းပဲ ဆိုဖာပေါ်က ထလိုက်သည်

" အချစ်လေး... ဆက်ပြီးမပျော်ချင်တော့ဘူးလား "

ပြုံးကာပြောလာတဲ့Jiminကြောင့် တကယ်ကို တအံ့တဩဖြစ်မိသည်....
သူ ရပ်လိုက်မှ ဖြစ်တော့မှာ... ရှေ့ဆက်လို့ မဖြစ်တော့ဘူး...

" မဟုတ်ဘူး Jimin... တောင်းပန်ပါတယ် ငါ ဒါကိုမလုပ်နိုင်တော့ဘူး "

Ice Cold | Jikook Where stories live. Discover now