Small Talk

987 114 5
                                    

Zawgyi

တနင်္ဂနွေနေ့ဆိုတာ Jiminအတွက် တိတ်ဆိတ်တဲ့နေ့တစ်နေ့ဖြစ်သည်
ညီမဖြစ်သူကလည်း နေ့ခင်းပိုင်းထိအိပ်သည်
မိဘတွေကလည်း အလုပ်များတာမို့ အိမ်ကိုတောင် ပြန်မလာနိုင်ကြဘူး

မနက်ခင်းပိုင်း နိုးလာပေမယ့် မထချင်တာ‌‌ကြောင့် မျက်လုံးကို ဆက်မှိတ်ထားလိုက်သည်

ခေါင်းလည်းမူးနေသေးပေမယ့်လည်း နောက်ဆုံးတော့ အိပ်ရာကထပြီး ရေချိုးခန်းထဲ ဝင်လာခဲ့သည် ပျင်းရိစွာ လျှောက်လှမ်းလာပြီး ဘေစင်ပေါ် လက်ဆန့်တင်လိုက်ကာ မှန်ပေါ်မှာ ပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကိုယ် ကြည့်လိုက်သည်

" မောနင်း အလှလေး "

မှန်ထဲကနေ ကိုယ့်ဘာသာ မိတ်ဆက်လိုက်သည်

" ဒီနေ့လည်း စုတ်ပြတ်နေတာပဲ "

မျက်နှာသစ်ပြီး တဘတ်နဲ့သုတ်လိုက်ကာ မှန်ကို တစ်ချက်ပြန်ကြည့်လိုက်သည်

" ကြည့် ခုမှ နည်းနည်းတော်ပါသေးတယ် "

ကိုယ်လက်သန့်စင်တာပြီးစီးတော့ အိပ်ရာပေါ် ပြန်ထိုင်ချလိုက်သည်
အိပ်ရာဘေး စတန်းပေါ်က ဖုန်းကို ကောက်ယူလိုက်ပြီး ဖုန်းဖွင့်လိုက်တော့

1 missed call from Jin
1 missed call from Taehyung
3 messages from Jungkook

ဟမ်? သူက ဘာလို့ ငါ့ကို စာတွေပို့ထားတာလဲ

ရောက်နေတဲ့ စာကို ဖွင့်ကြည့်လိုက်တော့

From : my sweet Kookie~ ^^ <3

/good morning hyung~ ^^/

/ ဒီနေ့ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ Jimine hyung /

/ hyungie~ ဘာလို့စာပြန်မပို့တာလဲ ကျွန်တော် အခုငိုပစ်လိုက်မှာနော် TT /

" What the hell!! Contact name ချိန်းမှကိုဖြစ်တော့မယ် '

To : Jeon
/ ငါ နိုးနိုးချင်း မင်းက ငါ့မနက်ခင်းကို ဖျက်ဆီးပစ်လိုက်တာပဲ -_- ဘာလုပ်ချင်လို့လဲ /

စက္ကန့် အနည်းငယ်အကြာမှာ စာပြန်ရောက်လာသည်

From : Jeon
/ Jiminiee hyung စာပြန်ပို့သားပဲ!! ပျော်ပြီလေ ^^ /

To : Jeon
/ ပြောစရာရှိတာ မြန်မြန်ပြော /

From : Jeon
/ hyungက ဘာလို့ အဲလောက်စိမ်းကားနေရတာလဲဗျာ! /

Ice Cold | Jikook Donde viven las historias. Descúbrelo ahora