What is Jimin? ( 1 )

2K 247 12
                                    

Zawgyi

နေ့လယ်စာ စားချိန်မှာ စားပွဲတစ်ခုထဲမှာပဲ အဖွဲ့လိုက်ထိုင်ဖြစ်တယ်

Jungkook က သူ့ဘေးမှာ ထိုင်မယ့် Jieunအတွက် ခုံဆွဲပေးတာကို Tae မြင်တော့

" ချစ်ဖို့ကောင်းလိုက်ကြတာ... Jiminie... ဘာလို့ ငါ့ကိုလည်း အဲလိုမျိုး မလုပ်ပေးတာလဲ "

နှုတ်ခမ်းလေးဆူကာ ပြောတော့ Jimin က တစ်ချက်ပြုံးပြီး

" မနာလိုဖြစ်မနေပါနဲ့ honeyရာ "

Taeရဲ့ ပါးတစ်ဖက်ကို အနမ်းပေးကာ bridal style ကောက်ချီလိုက်ပြီး ခုံပေါ်ကို ခပ်ဖွဖွ ချပေးလိုက်သည်

" အဆင်ပြေပြီလား မင်းသမီးလေး "

ပြုံးပျော်နေပြီဖြစ်သော ထိုအတွဲကို ကြည့်ကာ Jungkook တစ်ချက်ပြုံးလိုက်မိသည်

" မင်းတို့ တော်တော်မျက်စိနောက်စရာကောင်းတာပဲ "

ထိုသို့ Yoongi က ငြီးငြူလိုက်တော့ တစ်ဖွဲ့လုံး ရယ်မောလိုက်ကြမိသည်

Jungkook လည်း ထိုကဲ့သို့ Jiminရဲ့ ရင်ခွင်ထဲ နေချင်မိသည်
Jimin မ,ချီလိုက်တဲ့ချိန် Jiminရဲ့နှလုံးခုန်သံတွေကို ကြားရသူမှာလည်း သူသာဖြစ်လိုက်ချင်သည်

Jieunက ပခုံးကို တစ်ချက် လာပုတ်မှ အတွေးထဲက ရုန်းထွက်လိုက်ရသည်

ထိုအရာကို Jimin မြင်ပြီး တွေးလိုက်မိတာက
' သူ ငါ့ကို ဂရုစိုက်နေသေးတာပဲ ဟဟ '

" ဘာလဲ? "

ထိုချိန်မှ Jieunက Jungkook နားကို တိုးကာ ခပ်တိုးတိုးပြောလိုက်သည်

" Hoseok oppa က Jieunတို့ ဘယ်လို စသိခဲ့တာလဲဆိုတာ သိချင်လို့တဲ့ "

" အင်း ကျွန်တော်တို့နှစ်ယောက်က လွန်ခဲ့တဲ့ နှစ်လက ကျောင်းခေါင်မိုးပေါ်မှာ စတွေ့ခဲ့တာ... မျက်လုံးချင်း စုံမိသွားတာနဲ့ စကားစမြည် ပြောခဲ့ကြတာ နောက်တစ်နေ့ကျ နှစ်ယောက်လုံးလည်း အတန်းမရှိတာနဲ့ ကော်ဖီဆိုင်ကို တူတူသွားခဲ့ကြတယ် ဒါနဲ့ ကျွန်တော့်ချစ်သူ ဖြစ်နိုင်မလားဆိုတော့ သူက လက်ခံပေးတယ်လေ... ဒါနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် ချစ်သူဖြစ်ခဲ့ကြတာ "

လိမ်ရတဲ့ ခံစားချက်က တကယ်မကောင်း

ဒါပေမယ့်လည်း ငါတော်တော်လိမ်နိုင်ခဲ့တာပဲ
တစ်ခုမှ အထစ်အငေါ့မရှိ

Ice Cold | Jikook Where stories live. Discover now