Better

2K 282 10
                                    

Zawgyi

ကျောင်း အတန်းချိန်တွေ ပြီးတာနဲ့
အိမ် တူတူ ပြန်ဖို့ Jinက Jungkookကို စောင့်နေလေသည်

Jinက အိမ်မှာ တစ်ယောက်တည်း နေသည်လေ
သူ့ အမေကတော့ အခြားနိုင်ငံမှာ သူ့မိဘတွေက နေမကောင်းတာနဲ့ ပြုစုဖို့ တူတူသွားနေလေသည်

အဖေဖြစ်သူက လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော်လောက်ကတည်းက စစ်တပ်ထဲဝင်ပြီး အခုထိ ပြန်မလာသေး

သူ့မိဘတွေကို စောင့်နေရင်းနဲ့ပဲ တစ်ယောက်တည်းနေရတာ အကျင့်ဖြစ်နေပြီဆိုပါတော့

Jungkook ကို အကြာကြီးစောင့်မေသော်လည်း ထွက်မလာတာနဲ့ တဒ်ယေညက်တည်းပဲ အိမ်ပြန်ဖို့ စိတ်ကူးလိုက်လေသည်

အိမ်တံခါးကို ဖွင့်လိုက်တာနဲ့

ကြမ်းပြင်မှာ ရေပုံးနဲ့ တဘတ်ကို ဘေးမှာထားပြီး ထိုင်နေသော Jungkook

သူ့ကိုမြင်ရတာ ဖြူဖတ်ဖြူရော်နဲ့
မျက်ဝန်းတွေဟာလည်း ပင်ပန်းနေသလိုလို
ဆံနွယ်တွေကလည်း ချွေးတွေနဲ့ ရွဲစိုနေသည်

Jinလည်း ကျောပိုးအိတ်ကို ပစ်ချပြီး ထိုကောင်လေးဆီ ပြေးသွားလေသည်

" ဘုရားရေ! Jungkook ဘယ်လိုဖြစ်တာလဲ!? "

" မ- မလာ နဲ့ "

နောက်တစ်ချိန် ထပ်အန်ချလေသည်

" ဟာ.. အခုချက်ချင်း ဆေးရုံသွားသင့်တယ် Jungkook!!! "

" မ-မဟုတ်ဘူး hyu- "

" ဘာမှ မဟုတ်ဘူးတွေ ပြောမနေနဲ့ မင်းကိုမင်း ပြန်ကြည့်ဦး ဒီလောက် နေမကောင်းဖြစ်နေတာ "

တော်သေးတယ်ပြောရမယ် အိမ်နဲ့ ဆေးရုံက 5မိနစ်ပဲ ဝေးလို့

Jungkookကို လက်မောင်းက ဆွဲမလိုက်ပြီး ဆေးရုံကို ဦးတည်လိုက်သည်

ဆေးရုံရောက်ရောက်ချင်း သူနာပြုကို မြန်မြန်ခေါ်ပြီး သူ့ညီဖြစ်သူက နေမကောင်းတာကြောင့် အခုချက်ချင်း စမ်းသပ်ပေးဖို့ အသေအလဲ တောင်းဆိုတာကြောင့်

သူနာပြုလည်း ဆရာဝန်ကို ချက်ချင်းခေါ်ပေးလေသည်

ပြီးတာနဲ့ ဆရာဝန်က Jinကို သူ့ရုံးခန်းထဲ ခေါ်ကာ

Ice Cold | Jikook Where stories live. Discover now