What does it mean?

2.8K 322 25
                                    

Zawgyi

' တစ်ခါက ခံစားဖူးတဲ့ ဒီခံစားချက်ကြီး...
အရမ်းမုန်းတယ်...
အဲနေ့က ခံစားခဲ့ရတဲ့ ခံစားချက်ကြီးပဲ... '

Jungkook တံခါးကိုမှီကာ ရပ်နေသည်...
လက်သီးကို ခပ်ပြင်းပြင်းဆုပ်ပြီး ,
မျက်ဝန်းထဲကလည်း မျက်ရည်တွေ ဝဲတက်ခါနေသေးသည်

တံခါးကို မှီထားရာကနေ ထိုင်ချလိုက်ကာ
ဒူးနှစ်ဖက်ကို ပိုက်လျက် အနေအထားနှင့်, အခု ခံစားနေရတဲ့ ခံစားချက်ကြီးအကြောင်းကို ပထမဆုံးအနေနှင့် အတွေးချဲ့မိသည်...

--------flashback :

ဗုဒ္ဓဟူးနေ့ညက...
တစ်ဖွဲ့လုံး Jiminရဲ့ အိမ်မှာ ရှိနေကြသည် ..

သူတစ်ယောက်တည်းကလွဲပြီး ကျန်တဲ့လူတွေအားလုံး ရယ်မောနေကြသည်...
သူကတော့ ထောင့်တစ်ခုတွင်သာ ဝင်ထိုင်ရင်း ကျန်တဲ့ အဖွဲ့သား hyungတွေ ပြုံးပျော်နေတာကိုသာ ငေးကြည့်နေမိသည်...
ကစားဖို့လည်း စိတ်မပါသလို ဘာမှကို မလုပ်ချင်တာမို့်...

ဒီတိုင်း အဝေးတစ်နေရာကိုသာ သွားလိုက်ပြီး စိုးရိမ်နေရတာတွေ,  အခြား အရာအားလုံးနဲ့ ဝေးရာကိုသာ ပြေးသွားချင်မိသည်...

သူ စိတ်ဓာတ်တွေ တော်တော်ကျနေသည်
အရင်ကထက်တောင် ပိုဆိုးသည်ထင်သည်..

ဒီတိုင်းသာ ထိုင်နေရင်း စဉ်းစားလိုက်မိတာက
သူ ဘာကြောင့်များ အခြားလူတွေ ပျော်နေသလို မပျော်နေနိုင်ရတာလဲ..

တစ်ယောက်ယောက်သာ ဒီနာကျင်မှုကြီးကို ကုစားပေးဖို့ မျှော်လင့်နမိသည်

အခြား hyungတွေ ကစားနေကြတုန်း Jiminက လှမ်းမေးသည်

" hyung, Jungkookက ဘာဖြစ်နေတာလဲ "

" မသိဘူး သူက ငါ့ကို စကားမပြောချင်ဘူးတဲ့ "

Jinက ပြန်ဖြေသည်

" သူ အိမ်က ထွက်လာကတည်းက အခုလို ဖြစ်နေတာပဲ " - Namjoon

" သူ ပင်ပန်းနေလို့ နေမှာပါ " - Yoongi

" ငါတို့နဲ့ တူတူ နေဖို့ ခေါ်ကြည့်လိုက်ဦးမယ် "

ဟု Hoseokက ပြောကာ Jungkookဘက်လှည့်ရင်း

" Jungkookie!! ငါတို့နဲ့ လာနေလေ "

ထိုသို့ လှမ်းအော်လိုက်တော့

Ice Cold | Jikook Where stories live. Discover now