Alone

3K 383 18
                                    

Zawgyi

သောကြာနေ့....

Jimin ကျောင်းကိုသွားခဲ့သော်လည်း...  နောင်တရတာ ပိုတာပါပဲ.. 

Jungkookရဲ့ အပြုအမူတွေကြောင့်..
Tae က ဒီလောက် သတိပေးထားသော်လည်း Jungkookကတော့ နားမထောင်ပေ...

ညဘက်ပိုင်း Jimin အိမ်ပြန်တော့..  လမ်းတစ်လျှောက် ပြေးလာမိတာနဲ့ လူငယ်တစ်စုနဲ့ တိုက်မိလေသည်...

တိုက်မိလိုက်သော ကောင်လေးနဲ့ Jimin အကြည့်ချင်း ဆုံသွားသည်...
Jiminလည်း မြန်မြန်တောင်းပန်လိုက်ကာ မျက်လုံးကို စုံမှိတ်ထားလိုက်သည်...
တစ်ဖက်မှ ကောင်လေးက သူ့ကို ထိုးတော့မယ်လို့ မျှော်လင့်ရင်း...

ထူးဆန်းစွာနဲ့ပဲ Jungkookက ဘာမှ မတုန့်ပြန်ဘူး

Jiminကတော့ တစ်ခုခုဖြစ်လာရန်မျှော်လင့်ထားသည်နှင့်အမျှ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေမိသည်...

သို့သော်လည်း Jungkookက သူ့ဘေးတွင် ရပ်နေသော သူငယ်ချင်းက Jiminကို ကူညီပေးနေတာ မြင်တော့ ထိုသူငယ်ချင်းကို သေလောက်တဲ့ဒေါသအကြည့်နဲ့ ကြည့်ပြီး Jiminကို စကားတစ်လုံးမှ မပြောဘဲ ထွက်သွားလေသည်...

Jimin အခုထိ နားမလည်နိုင်...
Jungkookက သူ့ကို လှောင်ပြုံးလည်း မပြုံးပြသလို ဘာမှ မလုပ်ဘဲ ဒီတိုင်းသာ ဖြတ်လျှောက်သွားသည်ကို...
သို့သော်လည်း Jimin ပျော်မိသည်..
Jungkookက သူ့ကို လိုက်နှောင့်ယှက်နေရတာ ပျင်းလို့ လက်လျှော့သွားတာများလား....

ထိုသို့ စဉ်းစားရင်းနဲ့ အိမ်သို့ လမ်းလျှောက်လာခဲ့သည်..

အိမ်ပြန်ရောက်တော့ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ် ပစ်ချခဲ့ပြီး အခန်းထဲသို့ သွားကာ အ၀တ်အစားလဲ
ပြီးတော့ မီးဖိုခန်းထဲ ရောက်တော့ ညီမဖြစ်သူက မီးဖိုခန်းထဲတွင် ရှိနေလေသည်...
အမေ ဒီနေ့ည ပြန်လာမှာကြောင့် ညစာ ချက်နေတာကိုး....
သူ့အရွယ်နဲ့သူတော့ ဟင်းချက်တာ အရသာ မဆိုးပါဘူး...

" Hey, Yuri... နေကောင်းရဲ့လား "

Yuriလည်း သူ့အစ်ကိုကို တအံ့တဩကြည့်လိုက်သည်...
မနေ့ညကတည်းက Jiminဘက်ကနေ စကားတောင် စပြီး မပြောဘူးလေ...

Ice Cold | Jikook Where stories live. Discover now