Zawgyi
စနေနေ့ည...
Jiminကတော့ လူသူ တစ်ယောက်မှ မရှိတဲ့ လမ်းပေါ်မှာ လမ်းလျှောက်နေခဲ့ပြန်သည်...
အပြင်မှာ ရာသီဥတုက အရမ်းအေးတယ်...
အနည်းဆုံးတော့ အင်္ကျီအပါးလေးရယ် ဂျင်းဘောင်းဘီရယ်ပဲ ဝတ်ဆင်ထားတဲ့သူ့အတွက်တော့ တကယ်ကို အေးနေမှာ သေချာပေါက်ပဲ...ဒါပေမယ့်.....
Jiminကတော့ ထိုအအေးဒဏ်ကို မခံစားခဲ့ရဘူး
တိုက်ခတ်လာတဲ့လေပြင်းကြောင့် ပါးထက်မှာ ခြောက်သွေ့စပြုနေတဲ့ မျက်ရည်တွေကိုလည်း မခံစားနိုင်ခဲ့ဘူး...ဘာကြောင့်လဲ...
အဲနေ့က အဖြစ်အပျက်ကသာ သူ့စိတ်ထဲ, သူ့ခေါင်းထဲမှာ အချိန်တိုင်း စွဲနေခဲ့တာ...သူ အမြဲတမ်း ပြန်စဉ်းစားတယ်...
အဲနေ့က ဖွင့်မပြောခဲ့မိရင် သိပ်ကောင်းမှာပဲဆိုပြီးဒါမှသာ ဘယ်အရာမဆို ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားနိုင်ခဲ့မှာလေ...
သူ့ခံစားချက်ကိုသာ ဖုံးကွယ်ထားခဲ့လိုက်ရင် အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး...
အခုအချိန်မှာတော့... နောင်တတွေနဲ့သာ..ဒီနေ့နဲ့ဆို ဖွင့်ပြောခဲ့တာ သုံးရက်မြောက်နေ့...
အခုချိန်ထိလည်း ရင်ထဲမှာ ဒဏ်ရာတွေ နာကျင်မှုတွေ အပြည့်ပဲ..
ပြန်ကုစားလို့မရနိုင်အောင်ကို အရမ်းနာကျင်ခဲ့တာ....
ဒါပေမယ့်လည်း ဒီနေ့ညတော့ ဒီခံစားချက်ကြီးကို မေ့ဖျောက်နိုင်ဖို့ ဆုံးဖြတ်ခဲ့သည်...ဒါပေမယ့်လည်း ထိုနောက်ဆုံးအကြိမ် ဖြစ်ပျက်ခဲ့တာကို မှတ်ဉာဏ်တွေက မှတ်မိနေဆဲပဲ....
-------------
ပြုံးရွှင်ပြီး စိတ်ကျေနပ်မှုအပြည့်နဲ့ Jiminတစ်ယောက် အိမ်ထဲကို ဝင်လာခဲ့သည်..
သူ့ရဲ့ သူငယ်ချင်းအားလုံးကလည်း အခုလို ဗုဒ္ဓဟူးနေ့ဆိုရင် သူ့အိမ်မှာ ဆုံကြတာများသည်လေ..သူတို့အားလုံး Jiminအိမ်ကို အမြဲအလည်လာကြသည်..
ဘာကြောင့်လဲဆိုတော့ Jiminရဲ့ မိဘတွေက ညဂျူတီရှိတာကြောင့် ထိုဗုဒ္ဓဟူးနေ့ဆို အိမ်ပြန်မလာကြဘူးလေ....
Jiminရဲ့ ဖခင်က ဆရာဝန်, မိခင်က သူနာပြု..
အဲဒါကြောင့် အဲနေ့မှာဆို အိမ်မှာ ညီမဖြစ်သူရယ် သူရယ် နှစ်ယောက်တည်းရှိတာ..
YOU ARE READING
Ice Cold | Jikook
Fan fikciaMYANMAR TRANSLATION PLEASE SUPPORT THE ORIGINAL STORY BY THE AUTHORNIM @aidajikook Zawgyi အချစ်ဆိုတဲ့အရာကြီးကို မေ့ဖျောက်ရင်း အချစ်ကြောင့် ခံစားနေရတဲ့နာကျင်မှုတွေကို အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ Jimin Unicode အချစ်ဆိုတဲ့အရာကြီးကို မေ့ဖျောက်ရင်း အချစ်...