What is Jimin? (2)

1.8K 216 32
                                    

( Zawgyi )

ဒီနေ့ ဗုဒ္ဓဟူးနေ့
အဲတော့ သူတို့အားလုံး Jimin အိမ်မှာ စုကြတယ်

အားလုံး စုထိုင်ပြီး ဂိမ်းဆော့ကြမယ်လုပ်တော့
Jungkook က သူပင်ပန်းနေလို့ ဆိုပြီး Jinဆီက အိမ်သော့တောင်းပြီး အရင်ဆုံး ထပြန်သွားသည်
တကယ်လည်း ပင်ပန်းနေပြီး အိပ်ချင်နေတဲ့ပုံမို့ ဘယ်သူမှ ဘာမှ ဝင်မပြော

ခဏကြာတော့ Jimin လည်း သူအိပ်ချင်နေပြီဆိုပြီး သွားအိပ်ဖို့ မတ်တပ်ရပ်ကာ သူတို့ ညနက်ထိနေချင်လည်း လွတ်လွတ်လပ်လပ် နေရန် ပြောပြီး အပေါ်ထပ်တက်ရန်ပြင်တော့
Tae က နေမကောင်းဘူးလားဆိုပြီး လာမေးရှာတယ်
နေကောင်းတယ်ဆိုတဲ့အကြောင်း ခေါင်းတစ်ချက်ညိမ့်ပြပြီး good night kissပေးပြီး အပေါ်ထပ်ကို တက်သွားလေသည်

နောက်ဆုံးတော့ Tae, Yoongi, Hoseok, Namjoon နဲ့ Jin တို့သာ ထိုင်ပြီးကျန်နေခဲ့သည်

Namjoon က အားလုံးကို အနားကို ခေါ်ကာ

" Jimin ရဲ့အခြေအနေကို ပြောပြစရာရှိတယ် "

" နောက်ဆုံးတော့ ပြောလာပြီပဲ
မဟုတ်တောင် ခုနက Jimin ကိုဆွဲခေါ်ပြီး ဘာကြောင့်အခုလိုကြီးနေနေတာလဲ ဆိုပြီး သေချာစကားပြောကြည့်ဖို့ ကြံနေသေးတယ် ကျွန်တော် " - Hoseok

" Jungkookနဲ့ သူနဲ့အခြေအနေကြား ငါဝင်ပါဖို့ လုပ်သားပဲ မင်းတို့သာ ငါ့ကို ဝိုင်းတားနေကြလို့ "

Yoongi က စိတ်မရှည်စွာ ညည်းသည်

" ငါလည်း တကယ် တစ်ခုခုလုပ်တော့မို့ပဲ
မင်းက အချိန်အကြာကြီးဆွဲနေတာကိုး Namjoon "

Jin ကလည်း ဝင်ပြောသည်

Namjoon က အဖွဲ့မှာဆို အားလုံးရဲ့ စိတ်ကိုဖတ်တတ်သူကြီး နားလည်သူကြီး ထက်မြက်လွန်းသူကြီး
တစ်ခုခု ထင်လိုက်ပြီဆို မှားတယ်ဆိုတာမရှိဘူး
Hoseok ရဲ့အစ်မ ရည်းစားနဲ့ပျက်ပြီး အသည်းကွဲနေတုန်းကလည်း။ ဘယ်ဆရာဝန်နဲ့မှ ပြမရဘူး
Namjoon နဲ့တွေ့ပေးလိုက်တာ ဘာတွေများ တရားချလိုက်လို့လဲမသိ နှစ်ရက် သုံးရက် လောက် နေတော့ Hoseok အစ်မရဲ့ အခြေအနေ တော်တော်လေး တိုးတက်လာတာပဲ

အခုလည်း Jimin ရဲ့ ကိစ္စကို သူ့မှာ အကြံရှိတယ်ပြောထားလို့ အားလုံးက သူ့ဆီလွှဲထားကြတာ
တစ်ပတ်ကျော်ခေါက်ထိ ကြာသွားတော့ ကျန်တဲ့အဖွဲ့သားတွေကလည်း တော်တော် စိုးရိမ်ပူပန်လာတာ
အခုမှပဲ အဆင်ပြေတော့မည်ထင်သည်

Ice Cold | Jikook Where stories live. Discover now