I Want To ... But I Can't ( 1 )

2.1K 198 18
                                    


Zawgyi

Jungkookတစ်ယောက် အိပ်ရာထဲ လှဲရင်း Jiminအကြောင်း တွေးနေမိတယ်
အရာအားလုံးကိုတော့ သတိထားမိပေမယ့်
သူ ဘာများလုပ်ပေးနိုင်မှာလဲ
ဘာများ လုပ်ပေးသင့်လဲ
တစ်ခုခု လုပ်ပေးရမယ်မှန်းတော့ သိသည်
ဒါပေမယ့် ဘာလုပ်ပေးရမလဲမသိပေ

------------

အခန်းထဲက ခုံရှည်ပေါ်ထိုင်နေတုန်း ခေါင်းထဲမှာ နေရာယူထားတဲ့အရာက Jungkookဆိုသော လူသားသာ

သူ့အပြုအမူကို ထိုကောင်လေး သတိထားမိသွားမှန်းသိသည်
ဘယ်လိုလုပ်ရမလဲ

ထိုကောင်လေးကို နာကျင်အောင် ခံစားရအောင်လုပ်ရမယ်ဆိုတာလည်း သိသည်

ဘယ်လိုလုပ်ရမှာလဲ
မသိပြန်ဘူး

-----------

Jungkookတွေးနေမိတာက Jiminကို သူ့အချစ်တွေ နောက်တစ်ကြိမ်ပြန်ပြလိုက်ရင် ကောင်းမလား
ဒီချိန်မှာတော့ ပိုပြီး လေးလေးနက်နက် ပြသသင့်တယ်

ဒါပေမယ့်လည်း မဖြစ်ဘူး!
အရင်ဆုံး လုပ်သင့်တာက Jiminရဲ့အ‌ခြေအနေ ကို အရင် တည်ငြိမ်သွားအောင် လုပ်ရမယ်ထင်တယ်
ဘာလို့လဲဆိုတော့ Jiminကို ဘယ်ချိန်ကြည့်လိုက်ကြည့်လိုက် ပေါက်ကွဲတော့မယ့် ဗုံးလိုပဲ ခက်ထန်နေလွန်းသည်

မိုက်မဲတဲ့အရာတစ်ခုခု ပြုလုပ်မိပြီး နောက်ထပ်တစ်ကြိမ် Jiminကို မနာကျင်စေချင်ဘူး
အဲဒါကြောင့် အချိန်အခါကောင်းကို စောင့်နေလိုက်တာ အကောင်းဆုံးပင်

----------

Jiminတွေးနေမိတာက နောက်တစ်ခါ Jungkook ကို အနိုင်ပိုင်းလိုက်ရင် ကောင်းမလား အခုအကြိမ်က ပိုပြင်းပြင်းထန်ထန်လေးလေ
သူ့ကို ပိုသဝန်တိုအောင် လုပ်ရမယ်-
မဖြစ်ဘူး!
ဒီလိုအတွေးက Taehyungကို နာကျင်စေမိမယ်မလား ဒါမျိုးတော့အဖြစ်မခံနိုင်ဘူး
ဆက်ဆံရေးတစ်ခုလုံးကို ပြိုလဲသွားတာမျိုး အဖြစ်မခံနိုင်ဘူး

-------------

Jungkook
တံခါးခေါက်သံကြားလိုက်ရတာကြောင့်

" ဟုတ် Jin hyung....ဝင်ခဲ့လေ "

" ဟေး မအိပ်သေးဘူးလား မင်းအစောကြီးပြန်သွားတာ အိပ်ချင်နေလို့များလားလို့ "

Ice Cold | Jikook Where stories live. Discover now