Not Anymore (1)

2.9K 387 12
                                    


Zawgyi

နောက်တစ်နေ့ မနက်မှာတော့ အရာအားလုံးက အေးအေးချမ်းချမ်းပါပဲ...

ပုံမှန်ထက် နောက်ကျကာ အိပ်ရာက ထလာလေသည်

ပိုအရေးကြီးတာက, မနေ့ညက သူ မငိုခဲ့ဘူးပဲ

အိပ်ရာပေါ်က ထကာ ခြေလက် သန့်စင်ပြီး ပျင်းရိစွာ မီးဖိုခန်းထဲကို ၀င်လာခဲ့သည်..

အမေ, အဖေ, ညီမလေး အားလုံး မနက်စာတောင် စားနေကြပြီ..

" Good morning, sleeping beauty, နိုးလာပြီပေါ့.. "

အမေက နှုတ်ဆက်သည်..

" Good morning, mom, dad, yuri! အားလုံး မနက်စာ စားနေကြပြီကို ဘာလို့ ကျွန်တော့်ကို မနှိုးတာလဲ "

" မင်းညီက ဒီရက်ပိုင်း မင်း အရမ်းပင်ပန်းနေတယ်ဆိုလို့.. "

အဖေဖြစ်သူ ကဖြေသည်..

" အခု oppaလည်း ဒီရောက်နေပြီပဲကို..  လာစားလေ... "

" Okay~ "

.....

မနက်စာ စားပြီးတော့ လျှော်ရမယ့် အ၀တ်တွေ ရှိလားလို မေးတော့ Jungkookရဲ့ T shirtကို သတိရသွားကာ.. 

အခန်းထဲကို ပြေးဝင်ပြီး ထိုအင်္ကျီကို ယူကာ သူ့အမေကို ပေးလိုက်သည်...

" ဒါ ဘယ်သူ့ အင်္ကျီလဲ? "

သူ့အမေက မေးတော့ Jiminမှာ ကျောက်ရုပ်သဖွယ်

နှစ်ရှည်လများ ချစ်ရသူက သူ့ကို ငြင်းလိုက်ပြီး အခု အနိုင်ကျင့်နေကြောင်း ပြောလို့လည်း မဖြစ်

" ကျွန်တော့်ဟာပေါ့.. ဘယ်သူ့ဟာ ဖြစ်ရမှာလဲ "

စကား မထစ်သွားတာပဲ ကျေးဇူးတင်ရမယ်.. သေချာတာပေါ့ ဘုရားသခင်ကတော့ ဒီကောင်က ညံ့ဖျင်းတဲ့လူလိမ် ဆိုတာ သိလောက်မှာပေါ့..

" သေချာလို့လား sizeက သားနဲ့ တော်တော်လေး ကြီးနေပုံပဲ "

" ommaကလည်း ဒီရက်ပိုင်း over size တွေ နာမည်ကြီးနေတာကို.. "

" ဟုတ်ပါပြီ.. "

" ကျေးဇူး omma, အာ..  အရောင်စုံအင်္ကျီတွေနဲ့ ရောမထည့်နဲ့, သူ ကျွန်တော့်ကို သတ်- uhh.. ကျွန်တော် ဆိုလိုတာက ဒါက အဖြူရောင်လေ.. "

Ice Cold | Jikook Where stories live. Discover now