Lovers And Bullies

3.5K 419 36
                                    

Zawgyi

မနက် မိုးလင်းတော့ Jimin နိုးလာသည်..
အခုချိန်ထိ မနေ့က ၀တ်စုံနဲ့ပင်...

အိပ်ရာကနေ ထကာ ကြိုးစားပြီး ထထိုင်လိုက်သည်..
ဒီနေ့ကျမှ ခန္ဓာကိုယ်က အရင်ကထက် ၀ိတ်များနေသလို..  လေးပင့်နေသည်...

ခြုံထားသော စောင်ကို ကြိုးစားပြီး ဖယ်လိုက်တော့ စောင်က အနည်းငယ်စိုနေလေသည်..
မနေ့ညကလည်း အိပ်ရင်း ငိုထားမိတာ ထင်ပါတယ်..

ရုတ်တရက် ခံစားချက်ကြီးတစ်ခုက ခေါင်းထဲ ဒိုင်းကနဲ
မနေ့ညက အဖြစ်အပျက်တွေအကုန် ပြန်သတိရလာပြီး မျက်ရည်ဝဲလာသည်..

မို့အစ်ပြီးနီရဲနေသော မျက်လုံးများနဲ့ အပြင်မထွက်ချင်ဘူး...
ပင်ပန်းပြီး အိမ်ပြန်လာမယ့် မိဘတွေ စိုးရိမ်တာကို သူမလိုချင်ဘူး...

ပိုအရေးကြီးတာက သူ့ညီမလေးကို သူ့ရဲ့အခုလို ပုံစံကို မမြင်စေချင်ဘူး
သူ့ညီမ ဟာ သူ့အတွက် အကောင်းဆုံးသူငယ်ချင်းလိုပဲ.. အမြဲတမ်းလည်း Jiminကို ဂရုစိုက်တတ်သေးသည်..

ထို့ကြောင့်လည်း သူချစ်ရတဲ့ သူ့ညီမလေးကို ဒီအဖြစ်အပျက်ကြီးက လျို့ဝှက်ထားမိခြင်းသာ...

သေသေချာချာ ပြင်ဆင်ပြီးမှ အခန်းထဲက ထွက်လိုက်တော့ သူ့ရှေ့တည့်တည့်တွင် ရပ်နေသော ညီမဖြစ်သူ..
လက်က လေပေါ်တွင် လက်သီးဆုပ် အနေအထားနဲ့..
တံခါးခေါက်မလို့ ဟန်ပြင်နေပုံပဲ...

" Good morning, oppa! အခု oppaကို နိုးမလို့ လာတာ..  ကျောင်းနောက်ကျနေမှာစိုးလို့.. "

" Good morning, Yuri.. ငါ အခု နိုးနေပြီလေ..  ဘာပဲဖြစ်ဖြစ် Thank u~ "

လှပစွာ ပြုံးပြလိုက်ပြီး မီးဖိုခန်းထဲကို လျှောက်လှမ်းလာသည်...

" မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား oppaကြည့်ရတာ ပင်ပန်းနေသလိုပဲ.. "

Yuriက Jiminကို ကြည့်ကာ မေးလိုက်သည်..

" အိပ်ပျော်ပါတယ်.. "

လိမ်ပြီး ပြောလိုက်သည်..  အပြုံးကတော့ ယခုချိန်ထိ ဆင်မြန်းထားဆဲ...

" yuriလေးရော? "

" အင်း အိပ်ပျော်ပါတယ်.. ဒါနဲ့ oppa, မနေ့ညက ငိုပြီး ရှိုက်သံတွေ ကြားရတယ် oppaလား oppaရဲ့ ဂေါက်ကြောင် သူငယ်ချင်းတွေလား "

Ice Cold | Jikook Where stories live. Discover now