Moving on? (2)

1.8K 262 10
                                    

Zawgyi

Jiminလည်း ကျန်နေခဲ့တဲ့သူတွေဆီ ပြန်ရောက်တော့

အဆင်ပြေရဲ့လား

ဘာတွေဖြစ်တာလဲ

အကူအညီလိုသေးလား

ဆေးပေးခန်းသွားမလား

စသဖြင့်မေးနေသော်လည်း ထိုမေးခွန်းများကို လျစ်လျူရှုကာ
Taeဆီကို တည့်တည့်မတ်မတ် လျှောက်သွားရင်း

" ဟာ.. Jiminie.. သူ မင်းကို ဘယ်လောက်တောင် ထိုးလိုက်တာလဲ ကြည့်ဦး "

စိတ်ပူပေးနေသော ချစ်သူကြောင့် နှုတ်ခမ်းနာကျင်နေတဲ့ကြားက ပြုံးပြမိသည်

" စိတ်မပူနဲ့ သူက ကိုယ့်ထက် ပိုဆိုးတယ် "
ရယ်မောကာ ပြန်ပြောလိုက်သည်

" ဒါကို ဟာသလာလုပ်မနေနဲ့! "

ရုတ်တရက် Jieunက Jiminရဲ့ အင်္ကျီကို ဖွဖွလေစ လာကိုင်ပြီး

" Jungkook အခု ဘယ်မှာလဲဆိုတာ ပြောပြပေးပါ့လား "

ခပ်တိုးတိုး မေးလာသော မိန်းကလေးကို Jiminက လှောင်ပြုံး ဆင်မြန်းရင်း

" ငါမင်းကို သတိပေးထားတာကို မင်းက မေ့သွားပြီလား သူက မင်းနဲ့ မင်းခံစားချက်တွေကို အမှိုက်လို စွန့်ပစ်ခဲ့မယ့် လူစားမျိုး... မင်း သူ့အပေါ် ခံစားချက်ရှိမိရင် သူက မင်းကို bullyလုပ်မယ် လှောင်မယ် "

" သူ ဘယ်မှာလဲဆိုတာကိုပဲ ပြောပြပေးလို့ရမလားဟင် "

အသံလေးဟာ တဖြည်းဖြည်း တုန်ရီသွားသည်....

" ဟုတ်ပါပြီ ဒီပထမ ထောင့်က corridor ပေါ်မှာ "

" ကျေးဇူးတင်ပါတယ် Jimin oppa "

Jimin ညွှန်ပြတဲ့ နေရာကိုသာ တည့်တည့်မတ်မတ်သွားလိုက်တော့ သွေးစက်တွေက လွဲပြီး ဘယ်သူ့ကိုမှ မတွေ့ချေ

သွေးစက် လမ်းကြောင်းအတိုင်း လိုက်ကြည့်တော့ သွေးစက် ရပ်တန့်သွားသည်က ကျောင်းခေါင်မိုး တံခါးဝတွင်သာ

Jungkookက ခေါင်းမိုးထပ်ရဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်နေတယ်

ဘေးတိုက် အလှနဲ့ တကွ ငိုထားလို့ မို့အစ်အစ်ဖြစ်နေသော မျက်ဝန်းလှလှလေး...

Ice Cold | Jikook Where stories live. Discover now