မတည့်အတူနေ - ၁၈

4.4K 458 133
                                    

Zawgyi

အချိန်တွေကြာလာတာနဲ့အမျှ အရာအားလုံးဟာ ပုံမှန်ပြန်ဖြစ်လို့လာပြီ....
Jungkook လဲ ဆေးရုံကဆင်းလို့ အလုပ်ပြန်ဝင်နေပြီ ဖြစ်သည်။

"Seokjin...မနက်ဖြန် ငါတို့နှစ်ယောက်လုံး ပိတ်ရက်နော်"

"အဲ့ဒါ ဘာဖြစ်လဲ"

ဆေးရုံကန်တင်းမှာ အစားအသောက်ယူနေတုန်း အ
နောက်ကနေကပ်ပြီး လာပြောနေတဲ့ Jungkook အား Seokjin ပြန်ငေါက်သည်။
Jungkook ဆက်မပြောသေးဘဲ Hoseok တို့ဝိုင်းမှာ ဝင်ထိုင်ဖို့သွားတဲ့ Seokjin နောက်ကို လိုက်ပြီး သူပါဝင်ထိုင်၏။

အရင်ကလို ခိုးကြောင်ခိုးဝှက်မဟုတ်တော့ဘဲ အခုတော့ ပေါ်တင် တွဲနိုင်ပြီလေ...ဟဲဟဲ

လက်ထဲက စားစရာအား စားပွဲခုံပေါ်တင်လိုက်ပြီး စကားပြောဖို့ Seokjin နား ပိုတိုးကပ်မိတော့

"Yah....ဘယ်လိုဖြစ်နေတာလဲ...ဟိုဘက်မှာ နေရာအလွတ်ကြီး"

"အဟမ်း....Jeon Jungkook...အဲ့လောက်အကဲမပိုနဲ့...
ဆေးရုံမှာနော်...အခုခွာလိုက်"

လုပ်ချောင်းသံကြီးနဲ့ပြောလာတဲ့ Hoseok အား Jungkook လက်သီးထောင်ပြပြီး ပြောစကားနားထောင်
တဲ့အနေနဲ့ ပိုလို့ပင် တိုးကပ်သွား၏။

"Seokjin မနက်ဖြန် ပိတ်ရက်ဆိုတော့ ငါတို့ Date ရအောင်လေ"

Seokjin စားဖို့ထမင်းခပ်ထားတဲ့ ဇွန်လေးထဲ အသားဖတ်
လေးတစ်ဖတ် ထည့်ပေးရင်း Jungkook ပြောသည်။

"အားမနေဘူး ဟျောင့်..ငါသွားစရာရှိတယ်"

"ဘယ်ကိုလဲ"

"Jin Hyung က ငါနဲ့လျှောက်လည်ဖို့ ပြောထားပြီးသား"

Hoseok ဘေးကထွက်လာတဲ့ အသံပိုင်ရှင် Taehyung အား Jungkook မျက်မှောင်ကြုံ့ကြည့်သည်။

"Yah...Jeon Seokjin ငါမေးတာဖြေ...Jeon Jungkook ကအရေးကြီးလား Kim Taehyung က အရေးကြီးလား...."

အမယ် အမယ်..ပိုင်စိုးပိုင်နင်းနဲ့ သူ့မျိုးရိုးနာမည်တောင်ပြောင်းလိုက်သေး...
ကလေးဆန်လွန်းတဲ့ Jungkook အား ကြည့်ပြီး Seokjin ပြုံးစိစိဖြင့်သာ...
Jungkook ကလေးဆန်ရင် ဘယ်သူနဲ့မှမတူအောင် ချစ်ဖို့ကောင်းလွန်းသည်။

"သူနဲ့လည်ဖို့ ပြောထားပြီးပြီမို့ကို....Hoseok ကလဲ မနက်ဖြန် Duty လေ....သူမအားလို့ ငါနဲ့သွားမယ်ဆိုလို့ပါ မင်းကလဲ"

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now