မတည့်အတူနေ - ၁၉

3.2K 420 92
                                    

ZAWGYI

တေးငှက်သီကြူးသံနဲ့အတူ ကားသံစက်ဘီးဘဲလ် ကလင်ကလင် ဆိုတဲ့ အသံလေးနဲ့အတူ မနက်ခင်းလေးက သာယာလွန်းလှသည်။

ကားပါကင်ထိုးပြီး ဆေးရုံထဲဝင်ဝင်ချင်း မြင်လိုက်
ရတာက လက်ထဲက အအေးတစ်ဘူးနဲ့အတူ ကောင်တာ
မှာမှီရပ်နေသော လူသား သူ့ယုန်ပေါက်လေး...

"Morning ဘေဘီ...ရော့...ညက ငါ မင်းအိပ်မက်
ထဲပါလား"

လက်ထဲက အချိုရည်ဘူးလေးအား Seokjin ဆီပေးရင်း Jungkook ပြောလိုက်ပြီး Seokjin ဆီက အချိုရည်တစ်ဘူးကို ပြန်ရသည်။

"အာအားယားယား ထည့်မက်ရဦးမယ်...အိပ်ရေး
ပျက်တယ် ဟျောင့်...ရော့..ဒီမှာ မင်းအတွက်"

မနက် ဆေးရုံလာတိုင်း Seokjin ကြိုက်တဲ့ အချိုရည်
ဘူးကို Jungkook ဝယ်လာသလို Jungkook ကြိုက်တဲ့အချိုရည်ဘူးကို Seokjin ဝယ်လာတတ်တာ သူတို့အကျင့်လိုပင် ဖြစ်နေချေပြီ...

"ငါ့အိပ်မက်ထဲလဲ မင်းမပါဘူး ပြောမလို့ပါ...အာ...ညက အိပ်မက်ထဲက ကောင်မလေးက သေအောင်ချောတယ်
ကွာ....ခန္တာကိုယ်ကလဲ လုံးဝအလန်း....တစ်ယောက်
ယောက်နဲ့များ ကွာပ..."

သူ့အား စောင်းကြည့်ပြီး ပြောလာတဲ့ Jungkook စကားကြောင့် Seokjin ခြေလှမ်းတွေရပ်တန့်သွားသည်။
စနောက်တဲ့ စကားလေးတစ်ခွန်းလေးဆိုပေမယ့် သူ့အား
သိမ်ငယ်စိတ် အားငယ်စိတ်တွေ ဝင်စေ၏။

ဘေးကိုမကြည့်ဘဲ စကားတွေတရဆက်ပြောနေတဲ့ Jungkook ဟာ Seokjin နောက်မှာကျန်ခဲ့မှန်းသူမသိ..

"အဲ့ကောင်မလေး ခန္တာကိုယ်က တအားလှ...
Seok..Seokjin..."

ပြောနေရင်း ခြေသံမကြားလို့ ဘေးကို ကြည့်လိုက်တော့မှ Seokjin ရှိမနေ...နောက်ကိုလှည့်ကြည့်တော့ ခြေထောက်လေးကိုသာ ခေါင်းငိုက်စိုက်ကြည့်နေသော Seokjin ကြောင့် သူစကားမှားသွားပြီဆိုတာ သိလိုက်သည်။

အနောက်ပြန်လျှောက်ပြီး Seokjin လက်ကိုဆွဲရင်း အရေးပေါ်လှေကားဆီ သူဆွဲခေါ်လာခဲ့လိုက်သည်။
လူလယ်ခေါင်ကြီးမှာဆို ရှက်တတ်တဲ့သူ့ပိစိလေးက ကြိုက်မှာမဟုတ်....

အရေးပေါ်လှေကားရောက်မှ Seokjin ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း...

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now