မတည့်အတူနေ - ၁၄

4.6K 483 99
                                    

ZAWGYI

အချိန်အားဖြင့်ညနေစောင်းနေပြီဖြစ်ပြီး  လူနာလဲပါးနေ
တာကြောင့် Seokjin လေညှင်းခံဖို့ရန် ဆေးရုံခေါင်မိုး
ထပ်ကို ထွက်လာခဲ့လိုက်သည်။
တိတ်ဆိတ်မှုကို ကြိုက်တဲ့သူ့အဖို့ အလုပ်ဆင်းချိန်ကို ရွေးပြီး တက်လာခြင်းပင်..

အဆောက်အအုံထဲမှာ လူနာတွေနဲ့ အသက်ရှူကျပ်ရသမျှ အခုမှပေါင်းပြီး လေကိုတဝကြီး ရှူရှိုက်မိသည်။

လေညှင်းခံဆိုပေမယ့်လဲ ဆောင်းဝင်လာပြီမို့ အေးစိမ့်ပြီး ဘယ်လောက်မှ လေညှင်းမခံနိုင်..
လက်လေးနှစ်ဖက်ကို ဘေးကိုဆန့်တန်းရင်း ရှုရှိုက်နေတုန်း Duty coat လေးနဲ့အတူ လွင့်နေပြီး မျက်နှာရှေ့ဝဲကျနေတဲ့ဆံနွယ်ပျော့ပျော့လေးတွေကို လက်နဲ့ သပ်တင်နေရသည်အထိ..

Tee.....💥💥

Phone message သံဝင်လာတာကြောင့် အိပ်ကပ်ထဲက ထုတ်လိုက်သည်။

🗨 ဘယ်မှာလဲ...... 🗨

Message ကြောင့် Seokjin တစ်ချက်ပြုံးမိသည်။
ဒီလူသားဟာလေ သူတစ်နေရာရာထွက်လာပြီဆို ဘယ်မှာလဲ လှမ်းပို့တတ်တာ သူ့ယုန်ပေါက်အကျင့်ပင်..

Tom & Jerry ဆိုတာ သူတို့မှသူတို့ အစစ်....
ချစ်သူရည်းစားသာဆိုတယ် romantic က ခပ်ရှားရှားရယ်....အမြဲ Fighting တွေကများသည်။
မတည့်အတူနေ မမြင်ရချောင်းကြည့်ဆိုတာ သူတို့..

ဆေးရုံခေါင်မိုးထပ်မှာ ဆိုတဲ့စာလေးသာပြန်ပို့လိုက်ပြီး ဖုန်းကို ပြန်ပိတ်လိုက်သည်။
သေချာပါသည်.....ခဏနေ သူ့ယုန်ပေါက်လေး ရောက်လာတော့မည်...

အစွန်အဖျားလေးကို တိုးသွားပြီး အောက်ကိုတစ်ချက်ငုံ့
ကြည့်လိုက်တော့ အလျှိုလျှိုပြန်နေကြသော ဆရာဝန်တွေ သူနာပြုတွေ...night duty သမားလောက်သာ ဆေးရုံမှာ ကျန်ခဲ့သည်။
သူက ဒီနေ့ night duty ကျတာမို့......
အောက်ကိုငုံ့သာကြည့်ရတယ် ခပ်လန့်လန့်.....
အလွှာပေါင်းများစွာနဲ့ Seoul မြို့က အကြီးဆုံး
ဆေးရုံကြီးပေါ်က ပြုတ်ကျလို့ကတော့ လမ်းတစ်ဝက် လေထဲမှာတင် အသက်ထွက်မည့်ကိန်း...

တဖြည်းဖြည်း နောက်ကိုလှည့်မကြည့်ပဲ ပြန်ဆုတ်မိတော့ သူ့ခါးပေါ် ရောက်လာတဲ့ လက်တစ်စုံကြောင့် Seokjin ခန္တာကိုယ်လေး တုန်တက်သွား၏။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now