မတည့်အတူနေ - ၁

7.6K 762 54
                                    

Zawgyi

"Yoongi ah..ကိုယ်တို့ ဘယ်လိုလုပ်ကြမလဲ U.S. သွားရမယ်တဲ့ ကိုယ်တို့နှစ်ယောက်လုံး"

ရုံးခန်းထဲမှာ စာရင်းတွေစစ်နေတုန်း အခန်းထဲဝင်လာပြီး ဘေးနား မတ်တပ်ရပ်ရင်း မှုံကုတ်ကုတ်နဲ့ အလိုမကျပြောလာသော အချစ်တော် Nam Joon လေးကြောင့် Yoon Gi မော့ကြည့်လိုက်သည်။

"ဟုတ်လား Joon"

"ဟုတ်တယ် ကိုယ် အခုပဲ meeting ကလာတာ
U.S. ကို ကိုယ်တို့ company ကိုယ်စားလှယ်အနေနဲ့သွားရမှာ အများဆုံးကြာ (၃)လလောက်ပေါ့"

မန်နေဂျာချုပ်ဖြစ်တဲ့ Nam Joon နဲ့ အဖွဲ့မှူးဖြစ်တဲ့ Yoon Gi တို့ဟာ Company မှာ အရေးပါကြသူများပီပီ ဥက္ကဌကြီးက U.S. ကို စေလွှတ်ခြင်းပင်။

"အဲ့ဒါဆိုလဲ သွားကြတာပေါ့ Joon ရယ်.. ကိုယ်တို့
လဲ ခရီးထွက်ရတာပေါ့ ဘာလို့ မျက်နှာကြီးက စိတ်ညစ်နေတဲ့ပုံပေါက်နေရတာလဲ"

Yoon Gi အလုပ်လုပ်နေသော စားပွဲအား မှီလိုက်ရင်း ထိုင်နေတဲ့ Yoon Gi နဲ့ညီအောင် ခါးကို အရှေ့ကိုင်းလိုက်ပြီး Yoon Gi ပုခုံးပေါ် လက်လေးတစ်ဖက်တင်ကာ တစ်ဖက်က Yoon Gi ပါးဖောင်းဖောင်းလေးကို ကိုင်ပြီး Nam Joon လက်မလေးဖြင့် ပွတ်သပ်နေသည်။

"ခရီးထွက်တာက အရေးမကြီးဘူး ကိုယ်တို့ Jiji ကို ခေါ်သွားလို့မရတာက အရေးကြီးတယ်"

"ဟ...ဘာဖြစ်လို့လဲ Joon"

"ကိုယ်တို့ ဟိုရောက်ရင် Jiji ကို လိုက်ထိန်းနေလို့မရဘူး အလုပ်တွေနဲ့ရှုပ်နေမှာ ပြီးတော့ သူများနိုင်ငံလေ ကိုယ်တို့နိုင်ငံမဟုတ်ဘူး"

"ဟူး....အဲ့ဒါလဲ ဟုတ်နေတာပဲ ဘယ်လိုလုပ်ကြမလဲ Joon အခု Jiji ကို ထိန်းနေတဲ့ နာနီ နဲ့လဲ အချိန်အကြာကြီး အဆင်မပြေလောက်ဘူးနော် ကလေးကို သူစိမ်းနဲ့ထားခဲ့ဖို့ ဆိုတာ မလွယ်ဘူး...."

"ကိုယ်လဲ အဲ့ဒါပဲ စဉ်းစားရကျပ်နေတာ"

"ဒါနဲ့ ဘယ်နေ့သွားရမှာလဲ"

"နောက်တစ်ပတ်...."

"အိမ်ရောက်မှ တိုင်ပင်ကြတာပေါ့ Joon"

"အွန်းပါ ဒါဆို ကိုယ်သွားတော့မယ်နော်"

"အွန်း ချစ်တယ်နော် Joon"

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now