မတည့်အတူနေ - ၁၅

5K 560 87
                                    

ZAWGYI

လမ်းထဲသွားလာနေကြတဲ့ ကားသံလူသံတွေ ဆူညံနေမှု
ကြောင့် Jungkook မျက်လုံးအစုံပွင့်လာသည်။
နာရီကိုကြည့်လိုက်တော့ ညနေ (၃) နာရီတောင် ခွဲတော့မည်။

သူ့လက်မောင်းပေါ်ခေါင်းအုံးရင်း ဟိုဘက်လှည့်အိပ်နေ
ပြီး ကျောပေးထားတဲ့ အဝတ်မဲ့ခန္တာကိုယ်လေးအား Jungkook ခါးကနေသိမ်းကျုံးဖက်လိုက်ပြီး အသဲယား
စွာ ဖျစ်ညှစ်လိုက်တာတောင် မနိုးလာသော ပေါက်စ...
လက်လေးက ခါးကိုပွေ့ဖက်ရင်း ဘေးစောင်းအိပ်နေတဲ့ Seokjin ပါးလေးပေါ် သူ့ပါးလေးအပ်ထားရင်း အတွေးတွေဟိုတစ်စဒီတစ်စနဲ့ Jungkook ပြုံးမိသည်။

Seokjin ပါးဖောင်းဖောင်းပေါ် နှာခေါင်းပွပွလေး
နစ်ဝင်သည်အထိ အတင်းဖိကပ်နမ်းရှိုက်လိုက်တော့ လှုပ်လှုပ်ရွရွဖြစ်လာပြီး ခန္တာကိုယ်လေးက သူ့ဘက်လှည့်လာသည်။

မျက်လုံးမဖွင့်ဘဲ ပြုံးပြလာပြီး သူ့ကိုပြန်ဖက်တွယ်ရင်း ရင်ခွင်ထဲ အတင်းတိုးဝင်အိပ်နေသော သိုးပေါက်လေး
အား Jungkook တင်းနေအောင် ပြန်ပွေ့ဖက်ထားရင်း..

"Jimin လေးကို သွားကြိုရတော့မယ်....ကိုယ်သွား
ကြိုရမှာလား...."

"အင်း....မင်းဘဲ သွားကြို......"

သူ့ရင်ဘတ်ကို နှုတ်ခမ်းဖူးဖူးလေးနဲ့ တစ်ချက်ထိကပ်ပြီး အိပ်ချင်မူးတူးအသံနဲ့ ပြောလာသော အကောင်ပေါက်
လေးကြောင့် Jungkook အသဲယားစွာ Seokjin ခန္တာကိုယ်လေးအား နောက်တစ်ကြိမ်ဖျစ်ညှစ်မိပြန်သည်။

ရည်းစားဖြစ်ပြီးမှ Jimin ကိုအကြိုအပို့လုပ်ရတာဟာ သူ့တာဝန်ချည်း ဖြစ်လာသည်။
အေးလေ....ချစ်တော့လဲ အလျှော့ပေးရမှာ
ပေါ့...မဟုတ်ဘူးလား....
ပြီးတော့ သူ့ဘေဘီလေးက ပင်ပန်းထားသေး
တယ်မလား....သူထပ်နှိပ်စက်လို့ မဖြစ်တော့ဘူးလေ...

Seokjin ကိုယ်လေးအား လွှတ်ပေးလိုက်ပြီး ပက်လက်အိပ်နေပုံလေးကို Jungkook ဘေးစောင်းအိပ်နေရင်း မွေ့ယာအားတံတောင်ဆစ်နဲ့ထောက်ပြီး အပေါ်က
အုပ်မိုးကြည့်နေလိုက်သည်။

"မအိပ်နဲ့ ထတော့....ဒီအချိန်အိပ်ရင် ဖျားတတ်တယ်..."

"အင်း...ငါလဲ ဆရာဝန်ပါ....သိပါတယ်...."

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now