မတည့်အတူနေ - ၇

4.6K 637 50
                                    

[ ZAWGYI ]

မျက်နှာချင်းဆိုင်က အိမ်ကို ရွေ့ပြောင်းလာတာ
ကြောင့် ကားကြီးတွေနဲ့ရှုပ်ရှတ်ခတ်နေသော မြင်
ကွင်းအား အုတ်နံရံကိုကျော်ပြီး ခေါင်းလုံးလုံး
လေးတွေထောင်ပြီး စပ်စုနေကြသော ပေါက်စနှစ်ယောက်ကို Jeon Jung Kook ကြည့်မရတော့ချေ..။

Seok Jin က ခြေဖျားလေးထောက်ပြီး စပ်စုနေသလို Jimin ကအိမ်ထဲက ခုံရှည်ကိုယူပြီးခုံပေါ် ခြေဖျားလေးထောက်ကာ စပ်စုနေလေသည်။

ထိုစပ်စုစိန်နှစ်ယောက်ကြောင့် ခြံထဲက ခုံလေးပေါ် စာအုပ်ထိုင်ဖတ်နေသော Jung Kook မှာစာအုပ်ထဲစိတ်မရောက်ဘဲ ထိုပေါက်စနှစ်ယောက်
ဆီသာ မျက်လုံးကရောက်ရောက်သွား၏။
တကယ့်မနိုင်စိန်လေးတွေ....

ဟိုကြီးကောင်ကြီးမားကြီးက ကလေးနဲ့တုပြီး
လိုက်စပ်စုနေတာ....ကလေးကိုတားမယ်မရှိဘူး...
ကလေးကိုတောင် စပ်စုဖို့ လာမြူစွယ်လိုက်သေး....
ဘယ်လိုဟာလေးလဲ မသိဘူး.....ဒါပေမယ့်လဲ ချစ်ဖို့တော့ကောင်းသား...

Jung Kook တစ်ယောက် သူ့ဘာသူတွေးပြီး ကြိတ်ပြုံးနေလေ၏။

"ဟင်....Tae Hyung ??"

Seok Jin အသံကြောင့် စာထိုင်ဖတ်နေသော Jung Kook ခေါင်းမတ်သွားသည်။

"ဦးဦး Jinnie...အဲ့ဦးဦးကို သိလို့လားဟင်"

"ဟင်....အင်း သိတယ်...ခဏလေးနော် Jiji..."

ခဏလေးနော် ဆိုပြီး ထိုင်နေတဲ့သူ့ရှေ့က ဖြတ်လျှောက်ပြီး ခြံရှေ့ထွက်သွားသည်။
ခြံရှေ့မှာ ရပ်မလားဆိုပြီး ကြည့်နေတာ သကောင့်သားက မျက်နှာချင်းဆိုင်ခြံထဲထိရောက်သွား၏။

သူ့ရှေ့က အုတ်နံရံကွယ်နေတာကြောင့် မတ်တပ်ထရပ်လိုက်ပြီး Jimin ဘေး ဆီကိုပြေးသွားလိုက်သည်။
Jimin ဘေးရပ်ပြီး ခြေဖျားလေးထောက်ရင်း နောက်ဆုံး သူလဲ ဟိုမနိုင်စိန်ကြောင့် စပ်စုစိန်ဘဝသို့ ရောက်သွားခဲ့ချေပြီ....

Seok Jin ကိုကြည့်လိုက်တော့ အညိုရောင် ဆံနွယ်ပိုင်ရှင် ကောင်လေးတစ်ယောက်နဲ့
စကားပြောနေလေသည်။
ကြည့်ရတာ အိမ်ရှေ့အိမ်ကို ပြောင်းလာပုံ.....
နေပါဦး ဒီကောင်လေးကို မြင်ဖူးပါတယ်....ဘယ်မှာ မြင်ဖူးပါလိမ့်...စဉ်းစားစမ်း Jeon Jung Kook...မင်းဘယ်မှာမြင်ဖူးတာလဲ...ဟုတ်ပြီ ဟိုတစ်နေ့က ဆေးရုံမှာ Seok Jin နဲ့စကားပြောတဲ့ ကောင်လေးမလား..

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now