မတည့်အတူနေ - ၂၂ ( final )

4.4K 440 103
                                    


ZAWGYI

ကလင်...ကလင်...💥💥

သက်ပြင်းရှည်ချရင်း ဝမ်းနည်းစိတ်နဲ့ရော ဒေါသနဲ့အတူ ခုံတန်းရှည်လေးပေါ် မှိုင်နေတုန်းမှာပဲ စက်ဘီးဘဲလ် နဲ့အသံပေးပြီး ဝင်လာသော လူသား...

Seokjin တစ်ချက်သာစိုက်ကြည့်ပြီး အိမ်ထဲဝင်ဖို့ ထအထွက်မှာ သူ့ခါးအား နောက်ကနေ သိမ်းကျုံးဖက်တွယ်လာသည်။

"Jeon Jungkook....အခုချက်ချင်းလွှတ်လိုက်နော်"

Seokjin အသံမှာ သာမန်ထက်ပိုပြီးခက်ထန်နေပုံကြောင့် ဒေါသဘယ်လောက်ထွက်နေကြောင်း သိသာစေသည်။

သူ့လက်ထဲက ခန္တာကိုယ်ကိုရုန်းရင်း Seokjin ခက်ထန်စွာ ပြောနေတာတောင် Jungkook တစ်ချက်မလွှတ်ပေးဘဲ ခုနက ခုံတန်းရှည်လေးပေါ် ထိုင်ချလိုက်တာကြောင့် Seokjin ခန္တာကိုယ်လေးဟာ Jungkook ပေါင်ပေါ် ထိုင်လျက်သားလေးပင်....

ဂုတ်ပိုးဖွေးဖွေးလေးအား ယုန်ပေါက်စလေးလို တရှုံရှုံနဲ့ လာနမ်းနေတာကြောင့် Seokjinစိတ်တွေမခိုင်ချင်
တော့...မဖြစ်ဘူး...သူစိတ်ပျော့သွားလို့မဖြစ်ဘူးလေ...

"ဖယ်လို့ငါပြောနေတယ်လေ...ခွေးကောင်..မထိနဲ့ ငါ့အသားကို...အား...Jeon Jungkook !!.."

ဂုတ်ပိုးလေးတွေအပြင် နားရွက်ရဲရဲလေးတွေကိုပါ လေမှုတ်သွင်းလိုက် နမ်းလိုက် စုတ်ယူလိုက် လုပ်နေတဲ့ Jungkook ကြောင့် Seokjin အသံကုန်အော်သည်။
ရုန်းနေပေမယ့်လဲ အရာမထင်..ဒီလိုပဲ အားမပါအောင်
တော့ ရုန်းတတ်ရတာပေါ့ (ဟုတ် ☹)...

"ငါနဲ့ တစ်နေရာလိုက်ခဲ့"

"ချီးပဲ...သေတာတောင် မလိုက်နိုင်ဘူး...မင်းခေါ်တိုင်း
လိုက်ရအောင် ငါ...အ့..."

ပြောရင်းဆိုရင်း လက်ကနေအတင်းဆွဲပြီး စက်ဘီးနောက်ခုံပေါ် ခွထိုင်စေ၏။
Jungkook စက်ဘီးပေါ်တက်ပြီး နင်းဖို့ပြင်တဲ့အထိ သူ့ခါးပေါ် Seokjin လက်လေးတွေရောက်မလာချေ...

နောက်လှည့်ကြည့်လိုက်တော့ သကောင့်သားက စူပုတ်နေသောမျက်နှာအား ဘေးကိုလှည့်ထားကာ လက်ပိုက်ထားလေရဲ့..
စူထော်နေတဲ့ နှုတ်ခမ်းလုံးလုံးလေးအား နမ်းရှိုက်လိုက်ရရင်ဖြင့်...

စိတ်လျှော့...Jeon Jungkook...စိတ်လျှော့...
အဲ့လိုသာသွားလုပ်လိုက်ရင် မင်းဆီ လက်သီးပျံတွေ သွားပျံတွေ ရောက်လာလိမ့်မယ်...

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now