မတည့်အတူနေ - ၁၁

4.9K 558 137
                                    

ZAWGYI

တေးငှက်သီကြူးသံလေးတွေနဲ့အတူ မနက်ခင်းလေး
က ဒီနေ့မှ ပိုပြီးသာယာလှပနေသယောင်...

ဒေါက်....ဒေါက်💥💥

Seokjin တံခါးခေါက်သံကြောင့် အိပ်ချင်မူးတူးနဲ့ စောင်ပုံကြားထဲက ခေါင်းလေးထောင်လာ၏။
နာရီကို ကြည့်လိုက်မိတော့ မနက် (၆) နာရီ....

"ဘာလဲကွာ...စောစောစီးစီး....."

Seokjin အိပ်ချင်မူးတူးနဲ့ တစ်ကိုယ်ထဲ ရေရွတ်လိုက်သည်။

"Yah....Kim Seokjin...တံခါးဖွင့်ဦး...."

ညဘက်အိပ်ရင် တံခါးလော့ချပြီးမှ အိပ်တတ်တာ သူ့အကျင့်ပင်....
Jungkook ရဲ့ခပ်တိုးတိုးခေါ်သံကြားတာကြောင့် ချက်ချင်းပင်မျက်လုံး ကျယ်သွားပြီး ဆံပင်ဖွာလန်ကျဲနဲ့အတူ တံခါးထဖွင့်ပေးလိုက်တော့ သူ့နှုတ်ခမ်းကို လာရိုက်ခတ်တဲ့
နူးညံ့တဲ့အထိအတွေ့လေး.....

ပြွတ်စ်...!

Seokjin အိပ်ချင်မူးတူးစိတ်တွေတောင် ကြက်ပျောက်ငှက်ပျောက်ပင်....
မျက်လုံးအပြူးသားနဲ့ ခြေထောက်တွေတောင် မခိုင်တော့သည်အထိ..စောစောစီးစီး ဒီကောင်ဘာလာလုပ်ရတာလဲ..

"Morning kiss လာပေးတာ...
ဒါပဲ...ပြန်အိပ်တော့မယ်....bye bye...."

ပြောပြီးတာနဲ့ Jungkook သူ့အခန်းထဲ သူဝင်သွား
တဲ့အထိ Seokjin ကြောင်တောင်တောင်လေးဖြစ်နေတုန်း..။

"Yah...Jeon Jungkook...."

သူခေါ်လိုက်တော့ အခန်းတံခါးပြန်ဖွင့်လာပြီး သူ့ကို wink လုပ်ပြကာ ပြန်ပိတ်သွားလေသည်။

"Arrshi...ဒီကောင်.... "

အခုမှ သူ့ကိုယ်သူ မနေ့ညက ရည်းစားရသွားမှန်း သူသတိရသွား၏။
သူ့နှုတ်ခမ်းသူ ပြန်ကိုင်ပြီး ပြုံးရင်း...

မဆိုးပါဘူး..ဒီကောင် ro တတ်သားပဲ..

"ဟေ့....အဲ့လောက်တောင်ပျော်လား..."

ကိုယ့်နှုတ်ခမ်းကိုယ်ကိုင်ပြီး ပြုံးနေမိတုန်း နောက်တစ်ခါထွက်ပြီး ပြောလာသော Jungkook ကြောင့် ရှက်ပြီး ချက်ချင်းပင် အခန်းတံခါးကို အမြန်ပိတ်လိုက်သည်။

Jungkook မှာလဲ ပြုံးစိစိနဲ့..

"ချစ်စရာလေး....ဘာရုပ်လေးမှန်း မသိဘူး..."

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now