မတည့်အတူနေ - ၂၀

2.9K 401 30
                                    

ZAWGYI

သူတို့လုပ်ရမယ့်ဆေးရုံရှေ့ရောက်တော့ ဆရာဝန်တွေ
အများကြီး ထွက်ကြိုကြ၏။
အများကြီးဆိုပေမယ့်လဲ...အင်း...သူတို့ဆေးရုံရဲ့ ဌာနတစ်ခုစာလောက်တောင် မရှိပါ...

ဆေးရုံကိုကြည့်လိုက်တော့ သူတို့ဆေးရုံရဲ့ (၅)ပုံ (၁) ပုံလောက်တောင် မရှိချေ...သို့ပေမယ့်လဲ သေးသေးလေးနဲ့ သပ်သပ်ရပ်ရပ် ကြည့်ကောင်းနေသည်။

ဘေးမှာစိုက်ထားတဲ့ အပင်လေးတွေကလဲလူကိုဆွဲဆောင်
သလို ပန်းနံ့ခပ်သင်းသင်းလေးကလဲ လူကိုလန်းဆန်းတက်ကြွ
စေ၏။

"မင်္ဂလာပါ...ကျွန်တော်က ဒီဆေးရုံရဲ့ ဆေးရုံအုပ်ပါ...
တွေ့ရတာဝမ်းသာပါတယ် ဗျာ....ကျွန်တော်တို့ဆေးရုံက လှိုက်လဲစွာ ကြိုဆိုပါတယ်"

ဆရာဝန်တွေထဲကမှ ရှေ့ကဦးဆောင်နေတဲ့ အသက်ခပ်
ကြီးကြီး အဘိုးတစ်ယောက်က နှုတ်ဆက်လာတော့ နောက်ကဆရာဝန်တွေသူနာပြုတွေကလဲ အကုန်ဦးညွှတ်
နှုတ်ဆက်ကြသည်။

"တွေ့ရတာဝမ်းသာပါတယ် ဆေးရုံအုပ်ကြီး"

သူတို့ချက်ချင်းပင် ဦးညွှတ်ပြီး ပြန်နှုတ်ဆက်သည်။

"ဟဲ့ဟဲ့....ဆိုးလ်က ဆရာဝန်လေးတွေက ချစ်စရာလေးတွေဟယ်..."
"မြို့သားတွေက သေအောင်ချောတယ်ဆိုတာ အရမ်းမှန်တာပဲ...."
"ဟဲ့..မှန်းမနေနဲ့..အချိန်တန်ရင် နင်တို့ဒီမြို့က တောသားကိုပဲ ရမှာ..."
"သိပါတယ်အေ...ဒါပေမယ့်လဲ ချောလို့ချောတယ်
ပြောတာပါ..."

တစ်ယောက်တစ်ပေါက်အသံတွေကြားတာကြောင့် အသံလာရာ ဆေးရုံဂိတ်ပေါက်ဝကို Seokjin လှည့်ကြည့်လိုက်မိသည်။
OMG...shirt ပွပွကြီးတွေနဲ့အတူ အပွင့်
ဘောင်းဘီအပွတွေကို ဝတ်ဆင်ထားကြတာ....
နည်းတဲ့လူအုပ်ကြီးမဟုတ်ပါရောလား...

"အာ..သူတို့က ဒီအနီးအနားရွာကပါ...ဒီနေ့ ဒေါက်တာ
လေးတို့ လာမှာသိပြီး လာစပ်စုနေကြတာ"

သူကြည့်နေတာကိုသိသော ဆေးရုံအုပ်ကြီးက ပြောပြလိုက်တော့ အကုန်လုံးက ဆေးရုံဝန်းထဲ ဝင်ချလာ၏။

လူအုပ်ကြီးဆိုတော့ Seokjin ကြောက်ကြောက်လန့်
လန့်နဲ့ ဘေးက Jungkook လက်မောင်းအား ဖမ်းဆုပ်မိသည်။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now