မတည့်အတူနေ - ၆

4.9K 552 54
                                    

[ ZAWGYI ]

Seok Jin ကြောင်တောင်တောင်လေးသာ ရုန်းလဲမရုန်းသလို အနမ်းကို ပြန်လဲမတုံ့ပြန်ဘဲ ဒီတိုင်းသာရပ်နေမိသည်။

အခု Jung Kook ကသူ့ကိုနမ်းနေတာလား။
ရင်ထဲကအကောင်ကလဲ ပေါက်ထွက်အတတ် အခုန်မြန်လွန်းလှသည်။

သူသတိပြန်ဝင်လာတဲ့အချိန်မှာ Jung Kook ကိုတွန်းထုတ်လိုက်မိသည်။
သူတို့နှစ်ယောက်က ဘာမှမဆိုင်ဘဲနဲ့ဒီလို
အခြေအနေမျိုးတော့ မဖြစ်သင့်ဘူးမလား။

သူတွန်းထုတ်လိုက်တော့ ပြန်ပြောလာတဲ့ Jung Kook ရဲ့စကားတွေကြောင့် သူလဲခဏတာထွက်ပေါက်ရှာချင်မိသည်။

ထို့နောက်မှာတော့ သူ့ဆီ တဖြည်းဖြည်းတိုးကပ်
လာတဲ့ Jung Kookလည်တိုင်လေးကိုဖက်တွယ်
ရင်း သူ့ဘက်ကစပြီး နမ်းရှိုက်လိုက်မိ၏။

ဒီအချိန်လေးရပ်တန့်လို့ရရင် ကောင်းမည်။
Jung Kook ကခဏတာရူးခြင်းဖြစ်သလို သူကလဲဝမ်းနည်းမှုကြောင့် ခဏတာ စိတ်ထွက်ပေါက်ရှာခြင်း။

သို့ပေမယ့် Jung Kook နှုတ်ခမ်းတွေဟာ သူ့ကိုရူးသွပ်စေပြီး ပြန်မလွှတ်ပေးချင်တော့ လောက်အောင် သူ့အပေါ်ဆွဲဆောင်နိုင်လွန်းသည်။

မင်း ဝမ်းနည်းနေတဲ့လူတွေကိုတွေ့တိုင်း ဒီလိုမျိုးလုပ်နေကျလား Jeon Jung Kook။
မုန်းစရာကြီး ငါကလွဲပြီးဘယ်သူ့ကိုမှ မလုပ်ပေးပါနဲ့။
မင်းရဲ့အနမ်းကို ဘယ်သူမှမပေးပါနဲ့ Jeon Jung Kook။

တံခါးနားကပ်နေတဲ့ သူ့ခါးလေးကို ရှေ့တိုးပြီး တင်းနေအောင်ဆွဲဖက်လာသော Jung Kook ရဲ့လက်တွေ။
ငါ့ကိုအသေသတ်ဖို့များ စဉ်းစားနေတာလား Jeon Jung Kook ရယ်။

တီ...တီ...!!

သူတို့နှစ်ယောက်လုံး ဘယ်တော့မှ မရပ်တန့်စေချင်တဲ့အနမ်းမှာ စီးမျောနေတုန်းမှာပဲ နှစ်ယောက်လုံးစီကလာတဲ့ phone message သံကြောင့် တစ်ယောက်နဲ့တစ်ယောက် လန့်ပြီး ခန္တာကိုယ်ချင်းခွာလိုက်ကြ၏။

နှစ်ယောက်လုံး Duty coat အိတ်ကပ်လေးထဲက ကိုယ်စီဖုန်းကိုထုတ်ပြီးကြည့်လိုက်တော့ ဌာနမှူးဆီက

"Yah...ဌာနမှာမရှိဘူး ဘယ်တွေသွားနေတာလဲ အခုချက်ချင်းဌာနကိုပြေးလာခဲ့"

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now