မတည့်အတူနေ - ၅

4.8K 595 59
                                    

[ Zawgyi ]

Jung Kook လူနာမှတ်တမ်းကြည့်ဖို့ ကောင်တာကိုထွက်လာရင်း Nurse တွေဆီက ကြားလိုက်ရတဲ့ စကားသံတွေ

"အဲ့ကောင်လေး တော်တော်ချောတာဟယ်"
"အေးဟယ်....Dr.Kim ရဲ့ရည်စားလားမသိဘူး"
"ဟုတ်ပါ့...Dr.Kim ကလဲချော..အဲ့ကောင်လေးကလဲချော"
"နှစ်ယောက်လုံးက လိုက်ဖက်လိုက်တာ အရမ်းအတွဲညီတာပဲ"
"သေချာတာကတော့ Dr.Kim က Uke ပဲ"
"Seme လဲဖြစ်နိုင်ပါတယ်ဟယ်"
"ခုအခြေအနေကိုကြည့်လေ လုံးဝ Uke လေး"

Fujoshi nurse မလေးတွေရဲ့ တစ်ယောက်တစ်ပေါက်ပြောသံကိုကြားပြီး Nurse လေးတစ်ယောက် ညွှန်ပြရာ သူလိုက်ကြည့်မိလိုက်သည်။

သူ မကြည့်လိုက်တာမှ ကောင်းဦးမယ်။
ခုတော့ ထိုမြင်ကွင်းက သူ့ကိုနာကျင်စေသည်။
ဘာလို့နာကျင်နေရတာလဲ။
ကောင်တာပေါ်တင်ထားတဲ့ လက်ကလဲ လက်သည်းစိုက်ဝင်မတတ် တင်းတင်းဆုပ်မိသွားသည်။

ထို့နောက် သူ့ခြေလှမ်းတွေက ထိုနှစ်ယောက်ဆီသို့။
မျက်နှာချင်းဆိုင် ပြောနေကြတဲ့ Seok Jin တို့နှစ်ယောက်ရဲ့အလယ်ကို သူကြားဖြတ်လျှောက်သွားသည်။

"Yah...Jeon JungKook...မင်းဘာလုပ်တာလဲ... ဒီမှာစကားပြောနေတာ မမြင်ဘူးလား"

Jung Kook သွားနေရင်းနဲ့ Seok Jin စကားကြောင့် နောက်ပြန်လှည့်လာသည်။

"ဒီလျှောက်လမ်းကို မင်းတို့နှစ်ယောက်ပိုင်တာမို့လို့လား"

"ဟျောင့်...ငါ့နောက်မှာ နေရာအလွတ်ကြီးရှိတယ် လေ...မင်းတမင်လုပ်တာမလား"

ပါးစောင်ကိုလျှာနဲ့ထိုးပြီး စိုက်ကြည့်လာသော Jung Kook ကို Seok Jin နည်းနည်းတော့လန့်သွားသည်။

"Hyung...သူနဲ့သိလို့လား..."

"သွားရအောင် Tae ah...ဒီမှာ မပြောချင် တော့ဘူး...အပြင်မှာ တဝကြီးအလွမ်းသယ်ကြမယ်"

ဘာ...အလွမ်းသယ်မယ် ??....ဒီကောင်....

Tae Hyung လက်ကို ဆွဲပြီးထွက်သွားသော Seok Jin ကို Jung Kook လှမ်းတားလိုက်သည်။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now