ZAWGYI
ဆေးရုံကြီးထဲမှာ အခန်းတစ်ခန်းကနေ ခေါင်းလုံးလုံး
လေးအားပြူတစ်ပြူတစ်ဖြင့် ကုတ်ချောင်းချောင်း
နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။
ထိုသူကား Jeon Jungkook ပင်.."အာ...ကြာလိုက်တာ"
သူ့ပုံစံဟာ ခိုးကြောင်ခိုးဝှက်နဲ့တစ်ယောက်
ယောက်ကို စောင့်နေသလို....."အာ...လာပြီ...လာပြီ"
သူစောင့်နေတဲ့သူ လျှောက်လာနေတာကြောင့် တစ်ကိုယ်ထဲရေရွတ်နေသော ကောင်လေး...
"အ့...ဘာ...ဘာကြီးလဲ...."
Seokjin လူနာမှတ်တမ်းကြည့်ရင်း လမ်းလျှောက်
လာနေတုန်း လက်ကနေ ဆောင့်ဆွဲခံလိုက်ရပြီး အခန်းတစ်ခန်းထဲအခေါ်ခံလိုက်ရတာကြောင့် လူကလန့်သွားသည်။
ခန္တာကိုယ်ကို တံခါးနဲ့ဆွဲကပ်ခံလိုက်ရပြီး Jungkook ခန္တာကိုယ်နဲ့ပါ အပိတ်ခံလိုက်
ရတာကြောင့် လူကရုန်းထွက်လို့မရတော့ပေ.."Yah....Jeon Jungkook....ဘာ....ဘာလုပ်တာလဲ"
"ငြိမ်ငြိမ်နေ....."
Jungkook ပြောပြီး duty coat အိတ်ကပ်လေးထဲက ဆေးဘူးလေးနဲ့ ဂွမ်းတံလေးကိုထုတ်ပြီး Seokjin နှုတ်ခမ်းထောင့်က ကွဲနေသောနေရာလေးကို ဂရုတစိုက်လေးလုပ်ပေးနေတော့ Seokjin ကြောင်တောင်တောင်လေးသာ.....
"အား....စပ်တယ် ခွေးကောင်ရ....ဖြည်းဖြည်း"
"အဲ့ဒါဆိုလဲ ကိုယ့်ဖာသာကိုယ်ဆေးထည့်ပြီး ဂရုစိုက်ပါလား..."
"မင်းကိုရော ဘယ်သူကလုပ်ခိုင်းနေလို့လဲ....ဖယ်....
ဒီဒဏ်ရာလောက်နဲ့ မသေသွားဘူး"ပြောပြီး သူနဲ့နီးကပ်လွန်းနေတဲ့ Jungkook ခန္တာကိုယ်ကို တွန်းထုတ်ပေမယ့်လဲ အချည်းနှီးသာ....
"လျှာရှည်မနေစမ်းနဲ့...နောက်တစ်ခါ ဒီနေရာ
ဒဏ်ရာမရစေနဲ့"ဆေးထည့်ပြီးမှ သူ့နှုတ်ခမ်းကိုထိတွေ့ပြီးပြော
လာတာကြောင့် Seokjin ရင်တွေအဆမတန်
ခုန်သွားခဲ့သည်။"ငါ့ခန္တာကိုယ်နဲ့ငါပါ....ပြီးတော့ ဘယ်သူလုပ်ထားတာလဲ....ဖယ်စမ်းပါ"
ထိုတော့မှ Jungkook Seokjin ကိုလွှတ်ပေး
လိုက်ပြီး Duty coat ကိုနည်းနည်းပါးပါး လက်နဲ့ဆွဲဆန့်လိုက်ရင်း..
YOU ARE READING
𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]
Fanfictionသင်သိပါသလား ?? အမြဲတမ်းသတ်နေတဲ့ ကမ္ဘာ့ရန်ဘက် ကလဲကိုယ့်ကောင်လေးဖြစ်လာနိုင်တယ်ဆိုတာ 🤭 တို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုမတည့်ပေမယ့် Romeo နဲ့ Juliet လိုအချစ်တွေနဲ့ပါ သင်သိပါသလား ?? အမြဲတမ်းသတ်နေတဲ့ ကမ္ဘာ့ရန် ဘက်ကလဲ ကိုယ့်ကောင်လေးဖြစ်လာနိုင်တယ်ဆိုတာ...