မတည့်အတူနေ - ၎

4.7K 641 93
                                    

[ Zawgyi ]


ဒီနေ့ Seokjin နားရက်မို့ အိပ်ရာထနောက်ကျခဲ့သည်။ဧည့်ခန်းထဲဝင်လာတော့ မူကြိုပိတ်ရက်ဖြစ်တဲ့ Jimin လေးမှာ အရုပ်လေးတွေနဲ့ ထိုင်ဆော့နေလေ၏။

သူ့စိတ်ထဲ Jung Kook ဆေးရုံသွားတယ် ထင်လိုက်မိ၏။
သို့ပေမယ့် ဘယ်လောက်မှမကြာ Jung Kook လဲ အခန်းထဲမှထွက်လာလေသည်။
Jung Kook ကိုကြည့်လိုက်တော့ အိမ်နေရင်း အဝတ်အစားနဲ့ပင်

*ဘာလဲဟ....ဆေးရုံမသွားရဘူးလား...
အာ..ငါနဲ့နားရက်လာတိုက်နေတယ်..ဒါမှန်းသိရင် နားရက်မယူပါဘူး...တစ်နေ့လုံးကို ဒီမျက်ခွက်ကြီး မြင်နေရတော့မယ်*

*ဒီနေ့ သူဆေးရုံးမသွားဘူးလား....ဘာလို့ငါ့နားရက်နဲ့ လာတိုက်နေတာလဲ မသိဘူး...
အာ...စိတ်ညစ်လိုက်တာ*

ဆေးရုံမှာဆိုရင်လဲ တွေ့နေရတယ်ဆိုပေမယ့် တစ်ချိန်လုံးတွေ့နေရတာမဟုတ်
သူလဲ သူ့အလုပ်နဲ့သူ ၊ ကိုယ်လဲကိုယ့်အလုပ်နဲ့ကိုယ်ပင်

Jeon Jungkook တို့က ဟိုတစ်နေ့ကတည်းက ကျေနပ်နေတာမဟုတ်။ကြင်ဖက်တွေ့ပြီး ပြန်လာပြီး Kim Seokjin နဲ့ တစ်ပွဲတစ်လမ်းနွှဲပြီးတည်းက သူတို့နှစ်ယောက် မျက်နှာချင်းမဆိုင်ဖြစ်ပေ။

အခုတော့ အိမ်မှာ မမြင်ချင်မှအဆုံး မြင်ရတော့မည်။

နှစ်ယောက်လုံးအတွေးကိုယ်စီတွေးပြီးမှ မျက်နှာလွှဲလိုက်ကြပြီး Jung Kook က ထမင်းစားခန်းထဲ ရေသောက်ဖို့သွားသလို Seok Jin ကဧည့်ခန်းထဲသွားပြီး Jiji ဆော့ရင်း ကြည့်နေတဲ့ ကာတွန်းကားလေး ထိုင်ကြည့်နေလိုက်သည်။

"ဦးဦးတို့...ဒီနေ့ဆေးရုံမသွားရဘူးလားဟင်"

"ဟုတ်တယ် Baby...ဒီနေ့နားရက်မို့လို့"

Jung Kook ရေဘူးလေးကိုင်ပြီး ပြန်ထွက်လာရင်း ပြောတော့ ဆိုဖာပေါ် ကနေ ထိုင်ပြောတဲ့ Seok Jin နဲ့စကားတူသွားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး မျက်စောင်းထိုးလိုက်ရင်း နှာခေါင်းရှုံ့လိုက်ကြ၏။

"Jiji လဲ ဒီနေ့ မူကြိုပိတ်တယ်ဆိုတော့..
တစ်ခုခုလုပ်ရအောင်.."

"Baby က ဘာလုပ်ချင်လို့လဲ "

"Jiji စဉ်းစားလိုက်ဦးမယ်..အွန်း ဘာလုပ်ရမလဲဆိုတော့...သိပြီ..
Papa တို့သွားထဲက အိမ်ကညစ်ပတ်နေတာလေ...အဲ့တော့ ဒီနေ့ (၃)ယောက်လုံး အိမ်မှာရှိတယ်ဆိုတော့ သန့်ရှင်းရေးလုပ်ကြမယ် !!"

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now