မတည့်အတူနေ - ၁၆

4K 484 109
                                    

ZAWGYI

"ငါတို့လမ်းခွဲရအောင် Jungkook....."

Seokjin စကားကြောင့် Jungkook မျက်ရည်တွေ
ကြားက ဟက် ခနဲမြည်အောင် မဲ့ပြုံးပြုံးလိုက်သည်။
Seokjin က အဲ့လိုပဲ အမြဲစနောက်ပြီး ဟာသအရမ်းပြောတတ်၏။

"ဟက်...မင်းစကားက မရယ်ရဘူးနော် Seokjin...ငါ့ကို ဟာသတွေ လာမပြောစမ်းနဲ့"

ဘယ်လောက်ပဲ ပြုံးပြီး ရယ်သံစွက်ကာ ပြောနေပေမယ့် သူ့အသံတွေ တုန်ယင်နေသည်။သူကြောက်ရွံ့နေသည်။
Seokjin သူ့ကို ထားသွားမှာ သူကြောက်သည်။
ပုံမှန်ထက် ပိုပြီးတည်ငြိမ်လေးနက်နေတဲ့ Seokjin အသံက သူ့ ကြောက်ရွံ့မှုတွေကို ပိုမိုတိုးစေ၏။

"ငါ မနောက်ဘူး Jungkook...."

Jungkook မျက်နှာ ချက်ချင်းအပြုံးမဲ့သွားသည်။

"ဘာလို့လဲ..ဘာလို့ လမ်းခွဲချင်ရတာလဲ.. အကြောင်းပြချက်ကောင်းကောင်းပေးမှ ငါလမ်းခွဲပေးနိုင်မယ် Seokjin"

"Jieun လေးသေတာ ငါတို့မှာအပြစ်ရှိတယ်မလား...
အဲ့နေ့ကသာ ငါတို့ဖုန်းကိုင်ခဲ့ရင်....ငါတို့သာ ဖုန်းကိုင်ခဲ့ရင်..."

"ရူးနေလား Seokjin...ဘာဆိုင်လို့လဲ...ငါတို့ ဖုန်းကိုင်လို့လဲ ငါတို့ကယ်နိုင်မယ်ထင်နေတာလား....သူ့မှာ ကံပါလို့သာ ဒီလိုဖြစ်သွားတာ Seokjin...မဆိုင်တာတွေ လျှောက်မတွေးစမ်းပါနဲ့ကွာ...."

Jungkook တဖြည်းဖြည်း ပေါက်ကွဲလာပြီး အသံမှာလဲ ဒေါသသံ စွက်လာ၏။

"မင်းကတော့ ဘာမှမဖြစ်ပေမယ့် ငါတော့ အဆင်မပြေ
ဘူး Jungkook....ငါတို့နှစ်ယောက်ဇာတ်လမ်း ဒီတိုင်းဆက်သွားနေရင် ငါ့ကိုယ်ငါ အပြစ်ရှိနေသလို ခံစားနေရတယ်....ငါ...ငါ....."

အသံတုန်ယင်စွာ ဆက်ပြောဖို့ အားအင်ပင်မရှိတော့တဲ့ Seokjin ကိုယ်လေးအား Jungkook အကြမ်းပတမ်း
ဆွဲယူပြီး ပွေ့ဖက်ထားပစ်လိုက်သည်။

"ငါတို့ချစ်ခဲ့တုန်းက နှစ်ဦးသဘောတူချစ်ခဲ့ကြတာမလား
လမ်းခွဲရင်လဲ နှစ်ဦးသသောတူမှရမှာ...ငါ့ဘက်က
သဘောမတူတဲ့အတွက် လမ်းခွဲခြင်းမမည်ဘူး Seokjin....ငါမင်းကို ချစ်တယ်...ငါတို့နှစ်ယောက်
ချစ်နေရင် ရပြီလေ"

"ဟင့်အင်း လမ်းခွဲပေး Jungkook..."

"လုံးဝဘဲ Seokjin"

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now