မတည့်အတူနေ - ၉

4.3K 569 85
                                    

[ ZAWGYI ]

Seokjin ဘာလုပ်ရမှန်းမသိဘဲ Jungkook ကိုယ်ကို အတင်းတွန်းထုတ်ပြီး အခန်းထဲသာ ပြေးဝင်လာခဲ့လိုက်တော့သည်။
တံခါးကို လော့ခ်ချလိုက်ပြီး အခုန်မြန်လွန်းနေတဲ့ သူ့ရင်ဘတ်သူဖိရင်း...

"အာ....သေတော့မှာပဲ......
ဘယ်လိုအခြေအနေကြီးလဲ....အင့်.."

လက်ထဲကအိတ်ကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး သူပါအားနဲ့ ကုတင်ပေါ် မှောက်လျက်လှဲချလိုက်သည်။

"ကယ်ကြပါဦး...ဒီတိုင်းဆို နှလုံးရောဂါနဲ့ သေတော့မယ်....ဗြဲ....Jeon Jungkook...အရူးကောင် လူကိုမသေသေအောင် သတ်နေတယ်"

မွေ့ယာထက်မျက်နှာမူပြီး ခေါင်းကို ခေါင်းအုံးနဲ့ပါ ဖိထားလိုက်သေးသည်။

သူလိုပဲ အပြင်မှာကျန်ခဲ့တဲ့ Jungkook မှာလဲ သူ့ရင်ဘတ်သူဖိထားရပြီး....

"ရှက်လိုက်တာ....ငါဘာတွေပြောလိုက်မိ
တာလဲ...အာ..Jeon Jungkook....မင်းရူးနေပြီ.."

သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ထွက်သွားတဲ့ စကားကြောင့် သူ့လက်ထဲက Seokjin ရုန်းထွက်သွားမှ သူ့ကိုယ်သူသတိဝင်လာသည်။

"သူမကြားသွားလောက်ပါဘူးနော်.....
ဟုတ်ပါတယ်သူမကြားလောက်ပါဘူး...ငါတိုးတိုးလေး ပြောလိုက်မိတာကို.."

သူ့ခေါင်းကဆံပင်တွေကို ဆွဲဖွရင်း သူ့အခန်းဆီသာ ဝင်လာခဲ့မိသည်။

သေချာပါတယ်...သူတို့နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ အိပ်မပျော်ဖြစ်ခဲ့ကြမှာပင်.....

.
.
.
.
.
.

Jungkook မိုးလင်းခါနီးမှ အိပ်ပျော်သွားတာကြောင့် သူနောက်ကျမှ နိုးလာခဲ့သည်။
အိပ်ချင်မူးတူးနဲ့ အချိန်ကိုကြည့်လိုက်ပြီး...

"Ohh Shit....(၈) နာရီတောင်ထိုးနေပြီ."

ကုတင်ပေါ်ကနေ ကမန်းကတန်းထပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။

ရေချိုးခန်းထဲက ထွက်လာပြီးမှ ဗီရိုထဲက Shirt အဖြူစင်းလေးနဲ့ style pant အမဲလေးကိုဝတ်လိုက်ပြီး ဆံပင်လေးဘာလေးတွေကို နည်းနည်းပါးပါး
ရှွိုင်းလိုက်သည်။

"Wow....ချောလိုက်တဲ့ ငါပါလား....
မဆိုးပါဘူး.."

ကိုယ်လုံးပေါ် မှန်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ချီးမွမ်းခန်းဖွင့်နေသော Jungkook ပင်....

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now