မတည့်အတူနေ - ၁၃

4.6K 506 84
                                    

ZAWGYI

Ring....Ring....Ring....📱📱

အဆက်မပြတ်မြည်နေတဲ့ phone alarm သံကြောင့် Jungkook တစ်ယောက် အိပ်ချင်မူးတူးနဲ့ စုတ်တစ်ချက်သပ်မိသည်။

"ကျစ်...ဟာကွာ...ဘာသံလဲ"

တရားခံကတော့ Jungkook နားနားမှာ ဖုန်းကို
တမင်ကပ်ဖွင့်နေသာ Kim Seokjin သာ...

"Yah...ဘာလို့ ဖုန်းကို အနားကပ်ဖွင့်ထားတာလဲ....
အိပ်နေတာ နားမလည်ဘူးလား လဒရဲ့......"

Jungkook မျက်နှာနားကို ပြုံးစိစိနဲ့ တဖြည်းဖြည်းကပ်
သွားတဲ့ Seokjin Jungkook စကားကြောင့် ဒေါသထွက်ပြီး ချက်ချင်းပင်မျက်နှာတည်ရင်း နောက်
ပြန်ဆုတ်သွားပြီး ကုတင်ပေါ်ကထသွားလိုက်သည်။
ဒါကိုပင် မသိရှာသူ Jeon Jungkook တစ်ယောက် ဘေးက ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်သေးသည်။

Seokjin ပစ်ပေါက်ခံလိုက်ရတဲ့ ခေါင်းအုံးကိုပြန်
ကောက်ပြီး Jungkook ကို ပြန်ပစ်ပေါက်လိုက်ရင်း..

"နာရီကိုကြည့် အရူးရဲ့...ကုလားသေကုလားမော အိပ်မနေနဲ့...ကလေးပြန်လာတော့မယ်"

မနက်စောစောစီးစီးအသံတွေက သာယာနာ
ပျော်ဖွယ်ပင်..
Jungkook ဘေးက နာရီကိုကြည့်လိုက်တော့ မနက် (၆) နာရီပဲ ရှိသေးတာကြောင့် တင်းသွားသည်။

"ဟာ...ချီးပဲ...အခုမှ (၆) နာရီပဲ ရှိသေးတာကို.....
Jimin က မနေ့ထဲက မင်းယောက္ခမက ကျောင်းဝတ်စုံ
တစ်ခါထဲ ယူသွားပြီး သူပဲသွားပို့လိုက်တော့မယ်လို့ ပြောတယ်လေကွာ"

"အေး....အဲ့ဒါဆိုလဲ အဲ့မှာပဲ သေကျန်ခဲ့လိုက်တော့..."

Seokjin စိတ်ပေါက်ပေါက်နဲ့ အော်ပြီး အခန်းပြင်
ထွက်လာခဲ့လိုက်သည်။နေ့စဉ်လုပ်နေကျ အလုပ်ကို
မေ့နေတဲ့ Jeon Jungkook ကို မှတ်လောက်သား
လောက်အောင် အပြစ်ပေးဦးမယ်ဆိုပြီး စိတ်ထဲမှာ တေးထားလျက်..

Seokjin မနက်စာလုပ်ပြီးတဲ့အထိ Jungkook အခန်းထဲက ထွက်မလာချေ.....
သူလဲ သွားမခေါ်ဘဲ ပစ်သာထားလိုက်သည်။
ဘယ်လောက်မှမကြာ လက်ကအိတ်လေးကိုဆွဲရင်း Jungkook အခန်းထဲကထွက်လာ၏။

"ဘေဘီ Morning kiss......"

ခုံမှာအရင်မထိုင်ဘဲ ထိုင်နေတဲ့သူနဲ့မှီအောင် ခါးကိုင်းရင်း
နှုတ်ခမ်းကို ထိတွေ့ဖို့ကြိုးစားတဲ့ Jungkook ကို Seokjin ရှောင်လိုက်သည်။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now