မတည့်အတူနေ - ၂

5.1K 604 49
                                    

Zawgyi

"ဘာာာာာာာ........."

Nam Joon တို့ သုံးယောက်မှာ ကြိုသိနေသည့်
အလား နားတွေကို ကြိုပိတ်ထားရသည်။
နားပိတ်ထားတာတောင် နားကွဲမတတ်..

"ဖြည်းဖြည်းအော်ကြပါကွာ.."

"မင်းတို့နှစ်ကောင် ဖြစ်နိုင်တာပဲ ပြောကြစမ်းပါ ငါနဲ့အဲ့ကောင်နဲ့ လုံးဝမဖြစ်နိုင်ဘူး"

"မင်းတို့မကြောက်မရွံ့ ပြောထွက်တယ်နော်.. အဲ့ကောင်နဲ့ အဆင်ပြေမယ်
ထင်နေတာလား"

အရှေ့က Seok Jin ပြောတဲ့စကားကို Jung Kook နောက်က သံယောင်လိုက်ကာ ပြောလိုက်တော့ နှစ်ယောက်လုံးအကြည့်ဆုံသွားပြီး အလယ်က Jimin လေးမှ အားမနာ တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းထိုးလိုက်ကြသည်။

"လုပ်ကြပါကွာ မင်းတို့ ကူညီမှ ဖြစ်မှာ
မို့ပါ..မင်းတို့သိတဲ့အတိုင်း ငါတို့နှစ်ယောက်လုံးက တစ်ကောင်ကြွက်တွေလေ ငါတို့မှာ အရင်နှီးဆုံးဆို
လို့ မင်းတို့ပဲ ရှိတာလေကွာ ပြီးတော့ Jiji လေးကို သူစိမ်းနဲ့မထားခဲ့ချင်လို့ပါနော်...နော် ကူညီပါ သူငယ်ချင်းတို့ရာ"

သူတို့ရှေ့ကနေ ခခယယနဲ့ပြောနေသော Yoon Gi တို့နှစ်ယောက်ကိုကြည့်ပြီး သူတို့နှစ်ယောက်လုံး သနားလာရသည်။
ဒါပေမယ့်လဲ တစ်အိမ်ထဲနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။

"အဲ့ဒါဆို ငါတို့အိမ်မှာ တစ်လှည့်
စီထားလို့ရတာပဲကွာ"

"မင်းတို့ မိဘတွေကို အားနာလို့ပေါ့ Jiji လေးအကြောင်း သိရဲ့သားနဲ့ သူက ဂျစ်တိုက်
လိုက်တာလဲ လွန်ရော...မင်းတို့ ညဘက်လေး နေပေးရုံပါပဲကွာ Jiji လေးက မူကြိုမှာချည်းပါပဲ ကျောင်းပိတ်ရက်လောက်လေးပဲ အိမ်မှာရှိတာ...နော်..နော်"

Nam Joon စကားကြောင့် Jung Kook နဲ့ Seok Jin အလယ်က Jimin လေး မျက်နှာပျက်သွားပြီး

"Daddy ကလဲ Jiji က ဆိုးလို့လား ဘာမှန်း
လဲ မသိဘူး... တစ်ယောက်ထဲလည်းထားခဲ့ဦးမယ် Jiji ကို ဆိုးတယ်လဲ ပြောသေးတယ် တော်ပြီ လာမခေါ်နဲ့တော့ စိတ်ဆိုးသွားပြီ.."

မျက်စောင်းကြီးထိုးပြီး စူပုပ်ကာပြောလာသော Jimin ကြောင့် လူကြီးတွေမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now