မတည့်အတူနေ - ၂၁

3.3K 406 124
                                    

ZAWGYI

"Kim Seokjin-ssi..ပြုံးဖြီးနေတာဘဲနော်.."

Seokjin ခြေလှမ်းတွေ တုံ့ဆိုင်းသွား၏။
Jungkook ရှိရာ ဘေးကိုလှည့်ကြည့်လိုက်ပြီး...

"ပြုံးတာများအထူးအဆန်းလုပ်လို့..ပျော်လို့ပြုံးတာဘဲ...ဒါနဲ့ မင်းရော ပျော်ခဲ့တယ်မလား..."

အစထဲက ဝမ်းနည်းနေတဲ့ စိတ်နဲ့အတူ Jungkook အား သူပြန်ရွဲ့မိသည်။

"မင်းငါ့ကို မရွဲ့နဲ့နော် Kim Seokjin..."

"ဟက်...မရွဲ့ရဲပါဘူး...မေးစရာရှိတယ်...မင်းက ငါနဲ့တွဲနေတယ်လို့ ပြောရမှာ ရှက်တာလား...အာ..ဘာလဲလူကဲ့ရဲ့ခံ
ရမှာစိုးတာလား...ဟမ်..ဟုတ်တယ်မလား"

Jungkook သိလိုက်ပြီ...Seokjin ရဲ့အဖြေအား သူစကားလမ်းကြောင်းလွှဲလိုက်ခြင်းကို အထင်
လွဲသွားတာပဲ...

"မဆိုင်တာတွေ လျှောက်တွေးမနေစမ်းနဲ့...အဲ့ဒါက..."

"တော်စမ်းပါ..မင်းငါနဲ့ ပြတ်ချင်နေတာမလား...
ငါနဲ့ လမ်းခွဲချင်နေတာမလား...ဒီ relationship ကို ငြီးငွေ့နေပြီမလား...ဟမ်...ငါ့ကို စိတ်ကုန်နေပြီမလား"

"Kim Seokjin..မင်းရူးနေလား...ငါမင်းအပေါ် ဘယ်တုန်းကမှ အဲ့လိုမတွေးဖူးဘူး...အရင်တုန်းကလဲ မတွေးခဲ့ဘူး...အခုလဲ မတွေးဘူး...နောက်လဲ တွေးမှာ မဟုတ်ဘူး"

"ပြတ်ချင်ရင်လဲပြော...ဆွဲထားမယ်မထင်နဲ့ ငါမင်းကို မတားဘူး...အေးအေးဆေးဆေးဘဲ လွှတ်ပေးလိုက်မှာ"

"Kim Seokjin !!...."

Jungkook အသံကုန် အော်မိသည်။
ဒေါသတွေလဲ ငယ်ထိပ်သို့ ဆောင့်တက်လာ၏။
ဘာမဟုတ်တာလေးကို ပြဿနာဖြစ်နေကြတဲ့ သူတို့နှစ်
ယောက်ဟာ ဘယ်ကနေဘယ်လို စမှားမှန်း မသိကြတော့...

"မင်းကမှ လမ်းခွဲချင်နေတာမလား...ဟမ်...ဖြေလေ Seokjin...ဘာ..ငါ့ကိုမဆွဲထားဘူး ဟုတ်လား..ဟက်..
မင်းလမ်းခွဲချင်လို့ ဒီလို စကားတွေပြောနေတာပဲ...
ငါအခုမှပဲ သိတော့တယ်"

"မင်းအပြစ်တွေကို သူများပေါ် လွှဲချမနေနဲ့ Jeon Jungkook....အနည်းဆုံးတော့ ငါက ငါတွဲနေတဲ့လူကို ချပြရဲတယ်...ဖွင့်ပြောဖို့ ဝန်မလေးဘူး"

"ဟက်..စတွဲတွဲချင်း လူသိမခံချင်ဘူးပြောခဲ့တာ ဘယ်သူလဲ..တော်ပြီ..ငါမင်းနဲ့ စကားမပြောချင်တော့ဘူး Seokjin...
အနည်းဆုံးတော့ ဖြေရှင်းချက်ကို မင်းနားထောင်သင့်
တယ်...ဘာမဟုတ်တာလေးကို ပြဿနာရှာနေတဲ့ မင်းနဲ့ စကားဆက်မပြောချင်တော့ဘူး....ငါတို့ဆက်ပြောနေရင် ဒီထက်ပိုဆိုးလာလိမ့်မယ်..တော်လိုက်ကြရအောင်..
ငါမင်းနဲ့ ဆက်ပြောချင်စိတ်မရှိတော့ဘူး"

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now