မတည့်အတူနေ - ၁၂

4.8K 529 176
                                    

ZAWGYI

Jungkook နဲ့ Seokjin တို့နှစ်ယောက် တစ်ယောက်နဲ့
တစ်ယောက် စလိုက်နောက်လိုက်ရန်ဖြစ်လိုက်သတ်လိုက်
နဲ့ပဲ ရည်းစားသက်တမ်းဟာ တစ်ပတ်ကြာခဲ့ပြီ.....

တစ်ခါတလေ အစအနောက်သန်လွန်းသော Jungkook ကြောင့် Seokjin တစ်ယောက်ခေါင်းခဲရသည်။

ဌာနမှူးခေါ်တာကြောင့် Seokjin သွားတွေ့ပြီး နားနေခန်းကိုပြန်လာတော့ လျှောက်လမ်းမှာ Jungkook နဲ့တိုးသည်။လျှောက်လမ်းမှာ ဘယ်သူမှတော့ရှိမနေ.....
အလုပ်ဆင်းချိန်မို့ ပြန်တဲ့လူတွေ ပြန်ကုန်ကြချေပြီ...
သူတို့လဲ မကြာခင် အလုပ်ဆင်းရတော့မည်။

တခြားလူတွေ မြင်မှာစိုးတာနဲ့ ချစ်တယ်ဆိုပြီး နှုတ်ခမ်း
လှုပ်ရုံလေးပြောပြလာတဲ့ Jungkook ကို Seokjin ဂရုမစိုက်ဘဲ မသိချင်ယောင်ဆောင်ပြီးသာ လှည့်ထွက်
လာခဲ့လိုက်သည်။
မကြာပါ....Phone message ဝင်လာလို့အိတ်ကပ်
ထဲက ဖုန်းကိုထုတ်ပြီးကြည့်လိုက်တော့

🗨 ဘေဘီသိုးပေါက်.....Saranghnae........ 🗨

Seokjin တစ်ချက်သာပြုံးပြီး ဖုန်းကိုပြန်သိမ်းလိုက်ပြီး ရှေ့ဆက်လျှောက်သည်။နောက်က Jeon Jungkook တင်းပြီလေ...

"Saranghnae....."

အနောက်ကထွက်လာတဲ့ Jungkook အသံကြောင့် Seokjin ခြေလှမ်းတွေ ရပ်တန့်သွား၏။
တွေ့လား..Jungkook စနောက်တယ်ဆိုတာ အဲ့လိုမျိုး...
သူများတွေသိမှာကြောက်နေသော Seokjin အကြောင်းနောကျေသူပီပီ ဒီလိုမျိုးစနောက်တတ်သူ...

Seokjin နောက်လှည့်ကြည့်လိုက်တော့ ပြီတီတီမျက်နှာထားနဲ့ Jungkook ပြောသည်။

"I  LOVE  YOU...Mwah..."

ပြောရုံတင်မဟုတ်ဘဲ မွ ဆိုပြီး နှုတ်ခမ်းပါလာထော်ပြ
နေတာကြောင့် Seokjin လေလိုအလျင်နဲ့ ပြေးပြီး Jungkook နှုတ်ခမ်းကို သူ့လက်နဲ့ ပြေးအုပ်၏။

"Yah..ဘယ်လိုဖြစ်နေတာလဲ ရူးသွားပြီလား...."

"ဘာလို့ ငါပြောတာကိုပြန်မပြောတာလဲ...ငါစာပို့တာလဲ ပြန်မပို့ဘူး..."

သူ့နှုတ်ခမ်းကိုလက်နဲ့ဖွဖွလေးအုပ်ပြီး ခပ်တိုးတိုးပြောလာ
သော Seokjin ကြောင့် Jungkook လဲခပ်တိုးတိုးလေး
ပြန်ပြောသည်။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now