The Best Liar (Ep 8)

6.8K 968 163
                                    

"TaeHyung-ah.... ဟိုကိစ္စလေ...."

"အင်း...."

"ငါမနက်ဖြန် မင်း agency ကိုလိုက်ခဲ့ပေးမယ်...."

အခုက JiMin တိုက်ခန်းကို ပြန်ရောက်ပြီးမကြာ Tae နဲ့ ဖုန်းပြောနေကြခြင်းဖြစ်သည်..... Tae က မနက်အစောပိုင်း schedule  ရှိလို့ ပို့ပြီးတာနဲ့ သူ့ dorm သူပြန်သွားခြင်းဖြစ်သည်...... rumor နဲ့ ပက်သတ်ပြီး သတိထားနေတာလဲ ပါမှာပေါ့အကြောင်းအရာကတော့ နေ့ခင်းက Tae ဖုန်းဆက်သည့်ကိစ္စ... အတိအကျပြောရလျှင် အခုထွက်ရှိနေသော Tae နဲ့ JiMin ရဲ့ rumor တွေအတွက် ဖြေရှင်းဖို့ agency က တောင်းဆိုလာသည့်ကိစ္စပင်ဖြစ်သည်.....

"မင်းအဆင်မပြေရင် အတင်းအကြပ်မလုပ်ပါနဲ့ ငါ agency ကိုကြည့်ပြောလိုက်မယ်..."

"ရတယ် Tae.... ငါကိုယ်တိုင်လဲ ဖြေရှင်းချင်လို့... Jeon စိတ်ထဲလဲ ရှင်းသွားအောင်လို့ပါ..."

"ဒါမယ့် မင်းကို လူတွေ သတိထားမိလာကြတော့မှာလေ... မင်းက အဲ့လို လူသိခံရတာ ကြိုက်တဲ့သူမှ မဟုတ်တာ... မင်းဘယ်လောက် သိုဝှက်ပြီးနေခဲ့လဲ ငါအသိဆုံး.... နောက်ပြီး ပိုဆိုးတာက မင်းအခုလူလုံးထွက်ပြရမှာက ယောကျားလေးတယောက်အနေနဲ့ မဟုတ်ပဲ မိန်းကလေးတယောက်အနေနဲ့ဆိုတော့ ...... ဟင်းးးး.... အမှန်အတိုင်းပြောရရင် ငါစိုးရိမ်တယ် JiMin...."

"ငါရွေးချယ်ခဲ့တဲ့ လမ်းပဲလေ.... ငါလျှောက်နိုင်ပါတယ်.... ပြီးတော့ မင်းလဲ ငါ့ဘေးမှာရှိမှာပဲ ဟာကို...."

"........."

Taehyung ဘာမှ ပြန်မပြောဖြစ် သက်ပြင်းသာ တိုးလျစွာချမိသည်....

"အဲ့လိုဖြစ်မနေပါနဲ့ Tae ရာ ငါအဆင်ပြေပါတယ်ဆို မင်းကလဲ.... ငါဘယ်သူလဲ မသိဘူးလား... Park JiMin ပါကွ...."

ထိုသို့ပြောနေသော်လဲ JiMin အသံတွေတုန်ယင်နေတာ သိသာသည်... အရင်ထဲက အရိပ်တကြည့်ကြည့် ခင်လာရတဲ့ သူငယ်ချင်းဖြစ်တာကြောင့် ပိုလို့တောင်သိသေးသည်....

"အေးပါ ငါသိပါတယ်.... ဒါဆို ငါမနက်ပိုင်း shooting ပြီးတာနဲ့လာခေါ်မယ်... စောစောအိပ်ဦးနော်...."

"အင်း .... တာ့တာ... TaeHyung-ah...."

Taeနဲ့ ဖုန်းပြောပြီးသည့်နောက်တွင်တော့ JiMin sofa ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်.... သက်ပြင်းလဲ အခါခါချရင်း မနေနိုင်တဲ့ အဆုံးကားသော့ ဆွဲကာ တနေရာသို့ထွက်လာခဲ့လိုက်တော့သည်.....

The Best Liar (Season 2)Nơi câu chuyện tồn tại. Hãy khám phá bây giờ