JiMin အဲ့ ဟိုတယ် ကထွက်တာနဲ့ ကားပေါ်ရောက်တော့ မျက်လုံးစုံမှိတ်ကာ အနားယူမိသည်... ခုနက ဟိုလူ၂ယောက်ရှေ့မှာမို့သာ စိတ်ကိုတင်းထားခဲ့တာ စိတ်ထဲမှာ သူဘယ်လောက်တုန်လှုပ်နေခဲ့လဲဆိုတာ သူကိုယ်တိုင်ပင် သိလိမ့်မည်..... ခြေဖျားလက်ဖျားတွေပါ အေးစက်နေတဲ့အပြင် ဒူးတွေပါ မတုန်ရုံတမယ်ပါ....
အရင်ဆုံးသတိရမိသည်က TaeHyung ဖြစ်တာကြောင့် ဖုန်းဆက်ပြီး shooting အထိလိုက်သွားရန်ပြင်လိုက်သည်.... ကားထဲတွင် အသင့်ရှိနေသော mask နဲ့ မျက်မှန်ထုတ်ကာ အကာအကွယ်ယူလိုက်သည်... ထို့နောက် TaeHyung ရှိရာ shooting နေရာသို့ ကားကို မိုင်ကုန်တင်မောင်းကာ ထွက်လာခဲ့လိုက်တော့သည်.....
"ငါ shooting မပြီးသေးဘူး JiMin..."
"မရဘူး ကားပေါ်တတ်... ငါအရမ်းအရေးကြီးနေတယ်...."
"yah yahhh yahhh...."
TaeHyung ကို ကားပေါ်အတင်းထိုးထည့်ကာ ခါ်လာသူ JiMin... မသိရင် ပြန်ပေးဆွဲတာကြလို့... Tae လဲ ကားပေါ်ရောက်မှ manager hyung ကိုဖုန်းဆက်ကာ သူပြန်သွားပြီဖြစ်ကြောင်း ပြောရတော့သည်... နောက်ကိစ္စက နောက်မှရှင်း... အခုက Park JiMin က ဘာဖြစ်မှန်းမသိ... လုပ်လိုက်ရင် အလန့်တကြားကြီးပင်.....
"ဘာ!!!!!!!! အဲ့တော့..... အဲ့တော့ ဟို စားဖိုမှူးချောချောရဲ့ ညီဆီမှာ မိသွားတယ်ပေါ့..."
"အေး....."
"မင်းကွာ... မင်းဘယ်တုန်းက သူစိမ်းနဲ့ အရက်သောက်ဖူးလို့လဲ..."
"ဆူတာ နောက်မှဆူစမ်းပါကွာ... လောလောဆယ် ငါ့ကို ကယ်ပါဦး.... TaeHyung ရယ်..."
"ခလုတ်ထိမှ ဒီပါပါးကို လာတနေတယ်ပေါ့..."
"-ီးကို ပါပါး..."
"ဘာ!!!!.... စကားကို ဆင်ခြင်နော် Park JiMin-shi... အခုမင်း အသက်က ငါ့လက်ထဲမှာ..."
အရေးထဲ စျေးလာကိုင်နေတဲ့ အရှေ့က သူငယ်ချင်း အကောင်းစားလေးကို JiMin ပိတ်ထုချင်နေပြီဖြစ်သည်..... သို့ပေမယ့်လဲ စိတ်ကိုလျှော့ကာ
"အေးပါကွာ... သိပါတယ် အဲ့တာကြောင့် မင်း Jung HoSeok ကြီးကို ကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်ပါ... ပြီးရင် သူတို့လက်ထဲက ငါ့ဓာတ်ပုံတွေ အစဖျောက်ပေး... နော် နော် နော်.."
![](https://img.wattpad.com/cover/247333305-288-k758606.jpg)