"Jeon.... Minnie ရောက်ပြီ....."
မနက်ခင်းဆိုင်ဖွင့်ဖွင့်ချင်း ရောက်ချလာတဲ့ ချစ်သူအသစ်စက်စက်ကလေးဟာ တကယ့်ကို နေရောင်ခြည်နွေးနွေးလေးဖြင့်တူသည်..... ဖြူစင်စွာပြုံးပြနေပြီး oversize အကျီအစင်းလက်ရှည်၊ ဂျင်းအပြာစိုစိုကလေး sneaker အဖြူစွပ်စွပ်ကလေးကို ပေါ့ပါးရိုးရှင်းစွာ ဝတ်ဆင်ထားသေးသည်..... တကယ်ကို စားဘဲ Daddy Jeon ရဲ့ စံနှုန်းတွေကို ပြောင်းပြန်လှန်လိုက်တာပါပဲလား....
ဘာလို့ဆို အရင်ကတွဲခဲ့ဖူးတဲ့ မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံက ယခုလောက်မှ မရိုးရှင်းပဲလေ.... တချို့က ကိုယ်ကြပ်ဂါဝန်တိုတိုများဖြင့် ဆွဲဆောင်တတ်တာမျိုး..... တချို့ကကြတော့ မိန်းမဆန်ဆန် ဝတ်စားကာ တည်ငြိမ်ပြတတ်တာမျိုး.... သူကလဲ အဲ့လိုမျိုးတွေမှ ရွေးတွဲခဲ့တာကိုးးး......
ဒါပေမယ့် အခုအချိန်မှာတော့ ပြောင်းလဲသွားခဲ့ပြီထင်ပါရဲ့.... တမင်တကာ ဆွဲဆောင်တည်ငြိမ်ပြနေစရာမလိုပဲ ရိုးရိုးရှင်းရှင်းအပြုံးလေးနဲ့တောင် ဒီနေ့တစ်နေ့ကုန် အလုပ်လုပ်ဖို့အတွက် အားအင်တွေရှိသွားခဲ့ပြီလေ......
"Minnie အစောကြီးပဲ.... "
"ဟုတ်တယ်.... ဒီနေ့ Minnie တို့ရဲ့ တရားဝင် ပထမဆုံးနေ့လေ....ဟီး...."
"ဒါဆို မမလေးက ဘာအလိုရှိပါသလဲ ပြောပါဦး.... ကျွန်တော်မျိုး ဘာလိုက်လုပ်ပေးရမလဲ...."
"ummm...... first date ဆိုတော့ သူများအတွဲတွေလိုပဲ ဖြတ်သန်းကြမယ်လေ.... Jeon အလုပ်အားရဲ့လား...."
"ရပါတယ်..... ခဏနေရင် Jin Hyung တို့လဲလာမှာပဲ... ကိုယ်ဒီနေ့ အလုပ်ပြေးလိုက်မယ်... ကိုယ့်ချစ်သူလေးအတွက်...."
ချစ်စနိုးနဲ့ မေးစိလေးကိုင်ကာ ပြောလာတာကြောင့် Minnie ရဲ့ ပါးလေး၂ဖက်ဟာ ပန်းရောင်သန်းလာခဲ့သည်.... ပြီးတော့ နှာခေါင်းရှုံ့ကာပြုံးပြလာတဲ့ အရှေ့ကလူကြီးရဲ့ အပြုံးလှလှတွေကြောင့်...
"ဒါဆို ခဏစောင့်နော်.... ကိုယ်ကားသော့နဲ့ coat အကျီသွားယူလိုက်ဦးမယ်...."
"ကားသော့မယူလာနဲ့တော့ Jeon... Minnie မှာကားပါ ပါတယ်...."
"အိုခေ... ဒါဆို ခဏလေးနော်..."