The Best Liar (Ep 10)

6.8K 977 88
                                    

Minnie လဲ ပြန်သွားပြီ... စိတ်လဲညိမ်သွားပြီ ဖြစ်တာကြောင့် Jeon အောက်ပြန်ဆင်းကာ အလုပ်လုပ်ရန်ပြင်လိုက်သည်... သို့သော် "တင်"ဆိုသော noti သံနှင့်အတူ တတ်လာသည့် သတင်းက Minnie နဲ့ V တို့ရဲ့ သတင်းသာ.... များမကြာမှီရက်ပိုင်းအတွင်း သူတို့၂ယောက် တူတူ ကြေငြာရိုက်ဖို့ရှိကြောင်း Agency က ကြေငြာထားခြင်းဖြစ်သည်.... ကြေငြာရိုက်ကူးနေစဥ်အတွင်း behind ကိုပါ တပါထဲ live လွှင့်မှာဖြစ်ပြီး ယောတောဘွန်းတို့သိချင်တဲ့ အကြောင်းအရာပါပါဦးမည်လို့ hint ပေးထားသေးသည်.... Jeon မဲ့ပြုံးလေးဖြင့် ဟတ်ခနဲ ရယ်လိုက်မိသည်...

confirm တော့မလို့ထင်ပါရဲ့... အဲ့တာကို ငါဆိုတဲ့ ကောင်က ရင်တွေခုန်နေမိသေးတာ....

ထို့နောက် ဖုန်းကိုပိတ် အလုပ်လုပ်ရန် အောက်ထပ်ကိုသာပြန်ဆင်းလိုက်တော့သည်.... သို့ပေမယ့် စိတ်ကမပါ... အလုပ်လုပ်နေတဲ့ တောက်လျှောက်ရော ဟင်းချက်နေတဲ့ တောက်လျှောက်ရော အတွေးထဲဝင်နေသည်မှာ မျက်လုံးမှးမှေးလေးတွေ ပိတ်တဲ့အထိရယ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အပြုံးတွေပင်ဖြစ်သည်....

"Jeon...  မင်းကြည့်တာ နေမကောင်းဘူးထင်တယ်... စောစောပြန်ပြီ နားရင် နားလိုက်တော့လေ.... ငါနဲ့ Jin Hyung လဲရှိတာပဲ..."

"အဲ့တာဆို အကူအညီတောင်းပါတယ် NamJoon Hyung.. ကျွန်တော်ပြန်မှဖြစ်တော့မယ်ထင်တယ်..."

"အေးပါ ကားကို ဂရုစိုက်မောင်းဦးနော်.."

"nae..."

***************************************

ဒီကြားထဲ Jeon စိတ်နဲ့လူနဲ့ သိပ်မကပ်ချင်ပေ... Minnie ကိစ္စကလဲ တကြောင်း.. တဖြည်းဖြည်းနီးကပ်လာတဲ့ ဆိုင်သစ်ဖွင့်ပွဲကြောင့်လဲ တကြောင်း မအားမလပ်နိုင်အောင် အလုပ်ရှုပ်နေခဲ့သည်..... Minnie ကတော့ဆိုင်ကို မပျက်မကွက်လာပါရဲ့.. သို့ပေမယ့် Minnie လာတဲ့အချိန်တိုင်း ရုံးခန်းထဲမှာ ပုန်းနေတာပဲ ဖြစ်ဖြစ် ဆိုင်သစ်ကိုသွားနေတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးပြကာရှောင်နေခဲ့သည်... ဘာပဲ​ပြောပြော dating confirm ကြတော့မှာဆိုတော့ သူ့အနေနဲ့ အများအမြင်မှာ အနေအထိုင်ဆင်ခြင်သင့်ပြီလေ... Minnie က တော့ လာတိုင်း Jeon ကို NamJoon တို့အားမေးလေ့ရှိသည်... Jin နဲ့ NamJoon ကလဲ Jeon အကြောင်းအမျိုမျ်ုးပြကာ လိမ်ခိုင်းမှုကြောင့် Minnie အပေါ် မလုံမလဲဖြစ်လာခဲ့သည်...

The Best Liar (Season 2)Where stories live. Discover now