The Best Liar (Ep 19)

7.6K 852 155
                                    

"Park JiMin-shi !!!!!!!....."

အသံလေးကြားရရုံဖြင့် ရင်ခုန်သံတွေဝုန်းဒိုင်းကြဲကုန်သည်.... ဖြစ်နိုင်ရင် ခုန်ပေါက်ပလိုက်ချင်သည်အထိ.... သို့သော် လက်တွေ့မှာတော့ ဖြည်းဖြည်းချင်းလှည့်ကြည့်ကာ JungKook ကို မဟုတ်ပဲ TaeHyung ကိုသာ မေးငေါ့ပြလိုက်သည်.... သူဘယ်သူလဲဆိုတဲ့ သဘောဖြင့်....

"သူလား?.... မင်းညီမ ရဲ့ဘဲ.... Jeon JungKook တဲ့....."

"အော်.... ဘာကိစ္စလဲ?...."

ဒီတစ်ခါတော့ JiMin က JungKook ဘက်ကိုကြည့်ကာမေးလိုက်ခြင်းဖြစ်သည်.... TaeHyung မှာတော့ JiMin ကိုကြည့်ရင်း အံ့သြမိသည်.... သူတကယ်ကြီးသရုပ်ဆောင်နေတာပဲ.... လုံးဝအတည်ပေါက်ကြီး.... စိတ်ထဲမှာတော့ ဘယ်လောက်တောင် ကမ္ဘာပျက်နေလိုက်မလဲဆိုတာ TaeHyung မြင်ယောင်နေမိသည်....

Park JiMin ဆိုတာ အဲ့လိုလူမျိုးသာ.... နောက်ကွယ်မှာ ပြာယာခတ်ချင်ခတ်မယ်.... Jeon JungKook နဲ့ပက်သတ်လာရင်တော့ 1%လောက်တောင် အမှားမခံတဲ့သူမျိုးပင်ဖြစ်သည်......

JungKook မှာတော့ ခြေဖျားလက်ဖျားတွေတောင် အေးစက်လာသည်..... မတော်လိုက်ရတဲ့ ယောက်ဖဆိုပေမယ့် ပုံစံက အေးစက်မာကြောနေသည်လေ.... ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ကာ သူ့ဘက်ကို တည့်တည့်လှည့်ပြီး 'ဘာကိစ္စလဲ'တဲ့..... ဆွံ့အမိသည်..... ဒါတောင် မျက်လုံးချင်းမဆုံသေးလို့..... 'မျက်နှာလေးမြင်ဖူးချင်လို့ maskလေး နဲ့ မျက်မှန်လေးချွတ်ပြပါလား' လို့ပြောလိုက်လို့ကတော့ ဆွဲထိုးခံရမလားတောင်မသိ.....

"ဟို....စကားနည်းနည်းလောက်ပြောလို့ရမလား JiMin-shi...."

"မရဘူး.... ငါအပြင်သွားစရာရှိတယ်..."

အမလေး 'ငါ' တဲ့.... TaeHyung တို့ မျက်လုံးအပြူးသားအပြင် ပါးစပ်ပါဟမိလို့ ချက်ချင်းပြန်ထိန်းလိုက်ရသည်..... ဒီလောက်တွေ့ချင်နေပြီးတော့ ဘာလို့လက်မခံလိုက်လဲမသိ.....

"ဒါဆို ကျွန်တော့ကို တစ်ရက်လောက်အချိန်ပေးလို့ရမလား.... JiMin-shi အချိန်ပြေမယ့်အချိန် လေး ပြန်ဆက်သွယ်ပေးပါ...."

လိပ်စာကဒ်ကမ်းပေးနေသော လက်ကလေးအား JiMin ဖမ်းဆုပ်ကိုင်ပလိုက်ချင်စိတ်တွေ တဖွားဖွားပင်..... မြတ်နိုးခဲ့ရသော Tattoo လေးတွေနဲ့ အကြောစိမ်းစိမ်းလေးတွေနဲ့ လက်သွယ်သွယ်လေးကြောင့် ရူးရပါတော့မည်..... ဆက်နေရန်မဖြစ်နိုင်တော့ပြီမို့....

The Best Liar (Season 2)Where stories live. Discover now