"အကယ်၍ TaeHyung ကို စွန့်လွှတ်ပြီး ခင်များကို ရွေးချယ်ခဲ့ရင်..... ခင်များက ပြန်ချစ်ပေးနိုင်မှာမို့လို့လားလို့ မေးနေတာ...."
သူ့မေးခွန်း အတိုင်းပြန်မေးခံရတဲ့အခါ JungKook အာစေးသွားခဲ့သည်.....
"ကိုယ်.... ကိုယ်မဖြေတတ်ဘူး JiMin.... ဒီလိုပြောလာတယ်ဆိုတော့ JiMin က ကိုယ့်ကို ချစ်လို့လား...."
"ဒီမှာ Jeon JungKook-shi... ၂လုံးထဲနဲ့ ဘောင်းဘီလာကြပ်ပြမနေနဲ့.... ခင်များတောင်မဖြေတာ ငါကဘာလို့ဖြေရမှာလဲ.... လူကို လာပြီး အကြောင်လာရိုက်နေတယ်...."
လက်သီးနဲ့ ထိုးဖို့ရွယ်ပြပြီး ထွက်သွားတဲ့ JiMin က ဒုတိယထပ်ရှိ Yoongi Hyung အိပ်ခန်းဘက်သို့ ဦးတည်ကာထွက်သွားသည်....
"အဲ့အခန်းထဲမှာ Yoongi Hyung နဲ့ တူတူ အိပ်မလို့လား.... "
"၃ ယောက်လုံး ပြန်မလာဘူး.. တွေ့ချင်ရင် လိုက်သွား!!!!..."
ဒုန်း!!!!.....
လှည့်တောင်မကြည့်ပဲ အော်ပြောကာ တံခါးဆောင့်ပိတ်သွားတာမို့ JungKook တုန်တောင်တုန်တတ်သွားသည်...
"လူသေးသလောက် ဒေါသကလဲကြီးလိုက်တာ.... aigooo.... ကိုင်ပေါက်ပစ်လိုက်ချင်တယ်....."
ထို့နောက် JungKook လဲ တတိယထပ်သို့ ပြန်တတ်လာကာ အိပ်စက်ခြင်းဆီသို့......
***************************************
မျက်လုံးမှိတ်ရုံပင် ရှိသေး...
ဒုန်း!!!.....ဒုန်း!!!.....ဒုန်း!!!....
"Jeon JungKook အခုချက်ချင်း တံခါးလာဖွင့်....."
ဘယ်လိုတောင် သောင်းကျန်းမှုမျိုးလဲ.... တံခါးဖွင့်ပေးလိုက်သောအခါ သူ့အား မျက်စောင်းထိုးပြီး အခန်းထဲသို့ဝင်သွားပြန်သည်.... အကျီလဲလာပုံရတဲ့ JiMin ဟာ Pajama ဖဲသားကို အနီရောင်ဝမ်းစက်ဖြင့်.....
"ထိုင်ပါဦး.... ရပ်ကြည့်မနေနဲ့ ထိုင်ပါ...."
"ဘာဖြစ်လာရပြန်တာလဲ...."
"အခုက အိပ်ဖို့ပြင်နေတာလား..."
"အေးလေ.... မင်းပဲ အိပ်ဆို.... "
"ကျစ်.... ကတိလဲမတည်ဘူး... ဗလောင်းဗလဲနဲ့....."
"hey... လွန်လာပြီနော်... မူးနေရင်လဲ အိပ်တော့....."