The Best Liar (Ep 1)

26.2K 1.3K 319
                                    

(A/N; Season-1 မဖတ်ရသေးရင်
Season-1 ကို အရင်သွားဖတ်စေချင်ပါတယ်....
ဒါက Season-2 ပါ....
မဟုတ်ရင် အဆက်အစပ်မရှိပါ....)
__________________________________

"ဟာ...... ဇာတ်သိမ်းကြီးကဘယ်လိုကြီးလဲ????"

"ဘာကိုလဲ?...."

"မင်းရဲ့ The Best Liar ကိုပြောတာလေ... ဘုရင်နဲ့ ကြင်ယာတော် ညားလဲမညားဘူး...."

"အေးလေ... အဲ့တာဘာဖြစ်လဲ..."

"ဟ .... ဘာဖြစ်ရမှာလဲ.... မရဘူး... ပြန်ညားပေး..."

"မညားပေးနိုင်ဘူးကွာ...."

"မင်းအဲ့လိုတော့ မညစ်ပတ်နဲ့ကွာ... ကြင်ယာတော်လဲ မသေဘူး.... အမှန်ဆို ဘုရင်ဆီပြန်သွားပြီး ပျော်ပျော်ရွှင်ရွှင်နေသွားကြလေသတည်း ဆိုပြီး လုပ်လို့ရရဲ့သားနဲ့...."

"ဒီမှာ သားကြီး ငါပြောမယ်.... ငါ့ comic နာမည်ဘာလဲ?"

"The Best Liarလေ...."

"အေး...The Best Liar ပါဆို အကောင်းဆုံး လိမ်ညာလှည့်ဖြားသူလေကွာ.... အဲ့တော့..... ငါပြောချင်တာ မင်းသဘောပေါက်မှာပါ....wink"

အာ....ကျွန်တော့ နာမည် Park JiMinပါ... Comic ရေးတဲ့သူတစ်ယောက်..... Comic ရေးတဲ့သူဆိုလို့ အထင်စွတ်မကြီးနေပါနဲ့ဦး... ကျွန်တော်ရေးတဲ့ comic က အခုမှ တစ်ပုဒ်ပဲရှိပါသေးတယ်... ဒါပေမယ့် ကျွန်တော်ကံကောင်းတယ်လို့ပဲ ပြောရမလား.... အခုကျွန်တော်ရေးလိုက်တဲ့ The Best Liar ဆိုတဲ့ comicက တော်တော်လေးနာမည်ကြီးသွားတယ်.... ဒီနေ့ဆို ဇာတ်သိမ်းပိုင်းတောင် ရောက်ပြီ.... ဒါပေမယ့် ဒီဇာတ်သိမ်းပိုင်းကို ကျွန်တော် မup ရသေးဘူး.... ကျွန်တော် မupခင် ကျွန်တော့သူငယ်ချင်းက အရင်ဦးအောင်ဖတ်လေ့ရှိတယ်... သူငယ်ချင်းဆိုလို့ ကျွန်တော့ သူငယ်ချင်းနာမည်က Kim TaeHyungပါ... သူက Idolတစ်ယောက်ပေါ့.. အနုပညာနာမည်ကတော့ V တဲ့.... ကျွန်တော်တို့ပေါင်းလာတာ မွေးကထဲကလို့ဆိုရမှာပဲ... သူ့ agency ကပေးထားတဲ့ dormမှာမနေပဲ အမြဲတမ်းလိုလိုကျွန်တော့စီလာနေတတ်တယ်... ကလေးဆန်တယ် ချစ်ဖို့ကောင်းတယ်... ကျွန်တော့လိုသေးသေးလေးကိုမှ အားမနာ တခါတလေဆို သူ့ကိုယ်လုံးကြီးနဲ့ ပြန်ချွဲတတ်သေးတာ.... သူနဲ့ကျွန်တော်က စိတ်တူကိုယ်တူ အကြိုက်တွေလဲတော်တော်များများတူတယ်... soulmateလေးပေါ့... အဲ...တစ်ခုပဲ... သူက အရမ်းကိုကျော်ကြားတဲ့ အနုပညာရှင် idolတစ်ယောက်.... ကျွန်တော်ကတော့ အောင်မြင်နေပေမယ့် လူမသိတဲ့ silent webtoon artist တစ်ယောက်.... ဒါလေးတော့ ကွာတာပေါ့...   

The Best Liar (Season 2)Where stories live. Discover now