The Best Liar (Ep 2)

8.2K 1.1K 214
                                    

JiMin လက်ညိုးညွှန်ပြရာကြည့်လိုက်တော့.....

"အော်.... ဘာဖြစ်လို့လဲ....ဒီဆိုင်က chef နေမှာပေါ့..."

"မဟုတ်ဘူးလေ Tae သေချာကြည့် တယောက်ယောက်နဲ့ မတူဘူးလား...."

JiMinရဲ့ ပုံစံက အတည်ပြောနေတဲ့ ပုံစံကြီးပေါက်တာကြောင့် TaeHyung နောက်တစ်ခေါက်လှည့်ကြည့်မိပြန်သည်.... ထပ်ကြည့်မိတော့လဲ ဘာမှမထူးခြားပေ.... အစားအသောက် counter ထဲမှာ ဟိုလုပ်ဒီလုပ်နဲ့ အလုပ်ရှုပ်နေတဲ့ chef ဝတုတ်ကြီးတစ်ယောက်သာလျှင်မြင်သည်..... JiMin ပြောသလို တစ်ယောက်ယောက်နဲ့ တူမလားစဥ်းစားကြည့်လိုက်တော့လဲ ကိုယ့်အသိထဲမှာ ထိုလူလို ပုံစံမျိုးမရှိ...ဒီကောင် ဘာတွေပြောနေပါလိမ့်....

"ဟင့်အင်း မသိဘူး... ဘယ်သူနဲ့ တူလို့လဲ...."

"ငါ့ရဲ့......ငါ့ရဲ့ ဘုရင် JungKookနဲ့...."

"ဘာ!!!!!....အဟွတ် အဟွတ်.....JiMin မင်းပြန်ပြောလိုက်စမ်း...."

"ငါ့ comic ထဲက JungKookနဲ့ မတူဘူးလားလို့....."

"yahhhh....... မင်းဆေးခန်းလေးဘာလေးသွားပြဦး.... အဲ့ဝတုတ်ကြီးက ဘယ်လိုလုပ်မင်း JungKook ဖြစ်မှာလဲ...."

"မင်းမေ!!!!!..... အဟင်းးးးး..... TaeTae yah..."

ထိုအစားအသောက် counter ထဲတွင် chef ၂ယောက်ရှိသည်.... JiMin ဘက်ကရှုထောင့်က ကြည့်လျှင်တော့ ထိုဝတုတ်chef ကြီးနောက်က chef ကိုမြင်ရပေမယ့်.... TaeHyung ဘက်ကကြည့်ရင်တော့ chefဝတုတ်ကြီးနှင့်ကွယ်နေပုံရသည်.... ထို့ကြောင့် JiMin ကပဲစိတ်ကိုလျှော့ကာ.....

"လာ.... ငါ့ဘေးလာထိုင်...."

TaeHyung လဲ မျက်နှာချင်းဆိုင်နေရာမှ ထကာ JiMin ဘေးကို စွေ့ကနဲဝင်ထိုင်လိုက်သည်....

"အဲ့မှာ chef ဝတုတ်ကြီးနောက်မှာ...."

TaeHyung ကြည့်လိုက်တော့မှ..... ဟုတ်ပါရဲ့.... ချွတ်စွတ်တူတာမျိုးမဟုတ်ပေမယ့် ပုံပန်းသဏ္ဍာန်အရ တူတယ်လို့ပြောရမည်..... အေးပေါ့လေ.... sketch နဲ့ အပြင်ကလူဒီလောက်တော့ကွာခြားမှာပေါ့.... သို့ပေမယ့် ထိုလူရဲ့ပုံစံက JiMin တစ်ဖွဖွပြောဖူးတဲ့ ဘုရင်JungKookရဲ့ ပုံစံမျိုးပင်.....

ကြည့်ကောင်းပြီး တောင့်တင်းတဲ့ခန္ဓာကိုယ်.....
သမင်လိုမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့....
အရသာမြည်းစမ်းကြည့်လို့ ရယ်လိုက်တဲ့အခါ ပေါ်လာတဲ့ ယုန်သွားလေးတွေ.....

The Best Liar (Season 2)Where stories live. Discover now