The Best Liar ( EP 26 )

6.2K 876 162
                                    

" meeting ဆိုတော့ အရေးတကြီးများလား သတင်းကောင်းလား ဆိုပါဦး "

ယခုက HYPE တွင်ဖြစ်သည်။ HYPE ရဲ့ team တစ်ခုလုံးရော JiMin ပါမကျန် ရှင်း ပါ အကုန်လုံး အစည်းအဝေးခန်းထဲ၌စုဝေးနေကြသည်။

" Nae ... သတင်းကောင်းလို့ယူဆလို့ရပါတယ် "

" အိုကေ။ စပြောလို့ရပါပြီ။ "

" Nae... Min သားအမိနဲ့ပက်သတ်ပြီး စုံစမ်းရသလောက် Min အာဂျုးရှီးက Jeon Group ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ "

" ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ????"

" ဟုတ်ပါတယ်။ မတော်တဆမှုနဲ့ ဆုံးပါးသွားပါပြီ ။ ဒါပေမယ့် Jeon TaeHwan ရဲ့ အာဏာနဲ့ အဲ့အမှုဟာ လျှော်ကြေးနည်းနည်းနဲ့ လူမသိသူမသိ ပိတ်ပစ်ခဲ့ရပါတယ်။ "

" အဲ့ အမှုက Jeon TaeHwan နဲ့ ဘယ်လိုများပက်သတ်နေလို့လဲ "

" Jeon Group မှာ လစာအပြည့်အဝမပေးမှုတွေနဲ့ လစာနဲ့မတန်အောင် အလုပ်ခိုင်းစေမှုတွေအများအပြားရှိနေတာပါ။ ဒါကို ဝန်ထမ်းတွေလဲ သိရက်နဲ့ ငြိမ်ခံနေရတဲ့သဘောမျိုးပါ။ ဘာလို့လဲဆို Jeon TaeHwan ရဲ့ အာဏာကိုကြောက်ကြတာကြောင့် ယူဆရပါတယ်။ "

" ဆိုတော့ Min အာဂျုးရှီးက "

" Nae... သူသည်းမခံနိုင်တဲ့အဆုံး အသက်နဲ့ချိန်းခြောက်ပြီး ဝန်ထမ်းတွေဘက်ကရပ်တည်ခဲ့ပါတယ်။ Jeon Group ရဲ့ ခေါင်မိုးထပ်ပေါ်မှာပဲ အခင်းဖြစ်ပွားခဲ့တာပါ။ အဲ့နေ့က ရုံးဆင်းချိန်ကို ကျော်လွန်ပြီး ညဘက်လူသူကင်းရှင်းတဲ့အချိန်ဖြစ်နေပါပြီ။ Min အာဂျူးရှီးက အဲ့ခေါင်မိုးထပ်အစွန်းမှာ ရပ်နေရင်းက သူ့လုပ်ဖော်ပိုင်ဖက်တွေကို လှမ်းပြီး အကြောင်းကြားခဲ့ပါတယ်။

မန်နေဂျာပါမကျန် အကုန်လုံးရောက်လာကြရင်း Jeon TaeHwan ရောက်လာတဲ့အခါမှာ စကားအခြေအတင်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ "

" ဘယ်ကသိရတာလဲ "

" အဲ့မှာရှိနေတဲ့ Min အာဂျူးရှီးရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ယောက်ဆီက စုံစမ်းခဲ့ရတာပါ။ "

" ကောင်းပါပြီ ဆက်ပြောပါဦး "

" Nae..... Jeon TaeHwan ရောက်လာတဲ့အချိန်မှာ Min အာဂျူးရှီးကို အဲ့အစွန်အဖျားနားကနေပြန်ဆင်းလာဖို့ပြောခဲ့တယ်။ ဒါပေမယ့် Min အာဂျုးရှီးက ဝန်ထမ်းအားလုံးရဲ့ ရပိုင်ခွင့်ကို ပြန်လည်ပေးအပ်မှဆင်းလာမယ်ဆိုပြီး ခေါင်းမာခဲ့ပါတယ်။ ဒါကို Jeon TaeHwan က ရပ်ကြည့်နေတဲ့ ဝန်ထမ်းအားလုံးကို အပြင်ထွက်ခိုင်းခဲ့ပြီး သူနဲ့ သူမန်နေဂျာပဲ နေခဲ့ခိုင်းတယ်လို့သိရပါတယ်။ Min အာဂျူးရှီးရဲ့ သူငယ်ချင်းကလဲ Min အာဂျူးရှီးကို အဲ့ဒီနေရာမှာ နောက်ဆုံးတွေ့ခဲ့ရတာမျိုးပါ။ "

The Best Liar (Season 2)Where stories live. Discover now