The Best Liar (Ep 22)

9K 898 225
                                    

"ငါလုံးဝလက်မခံနိုင်ဘူး JiMin!!!!!.... လုံးဝပဲ.."

"Tae..."

"မင်းထပ်မပြောနဲ့ Park JiMin!!!!!.... ငါ့စိတ်ကိုလာမစွနဲ့..... "

JiMin တစ်ရက်တော့ TaeHyung ကို JungKook အိမ်ကိုလိုက်သွားမည့်အကြောင်းနှင့် ဘယ်လိုဟန်ဆောင်ရမည့်အကြောင်း/ ဘယ်လိုစမ်းသပ်ကြမည့်အကြောင်းကို အားရဝမ်းသာပြောပြလိုက်သည်.... သို့သော် TaeHyung ကလုံးဝလက်မခံတဲ့ အပြင် အသားတွေတုန်ရီနေတဲ့အထိ ဒေါသထွက်နေခဲ့သည်တဲ့.....

"ငါ တောင်းပန်ပါတယ် Tae ရာ.... ငါ့မှာ ဒီနည်းလမ်းပဲရှိလို့ပါ...."

"တောက်!!!!..... မင်းရူးနေလား ဟမ်.... ရွှေဘုံပေါ်စံရတဲ့ မင်းသားတစ်ပါးက ယောကျားတစ်ယောက်အတွက်နဲ့ မိန်းကလေးယောင်ဆောင်ပြီး လူလိမ်အဖြစ်ခံယူတယ်... အေး... ငါတားမရခဲ့လို့ လိုက်ကူညီပေးခဲ့တယ်.... နောက်တော့ အသုံးချခံအဖြစ် သွားပြီးခယနေပြန်ရောတဲ့.... ဟားဟားးး.... စောက်ရမ်းရယ်ရတယ်.... ငါ့မှာတော့ Park JiMin ပုံစံအမှန် နေရာအမှန် ပြန်ရောက်ပြီဆိုပြီး ပျော်လိုက်ရတာ စိတ်ချမ်းသာလိုက်ရတာ.... မင်းသိလား... အဲ့တာတွေ!!!!!...."

"........."

"အခုကြတော့ ဘာတဲ့..... ထပ်ပြီး အစမ်းသပ်ခံတဲ့...... မင်း!!!!!....... တောက်!!!!!..... မင်းအဲ့လောက်တောင်ပဲ ယောကျားရှားနေလား ဟမ်!!!....  ငါမေးနေတယ်ဖြေလေ!!!!..... မင်းမှာ ဘာချို့ယွင်းချက်တွေများရှိနေလို့!!! ဘာမပြည့်စုံတာများရှိနေလို့ ဒီလောက်တောင် ရုပ်ပျက်ဆင်းပျက် သိက္ခာမဲ့ပြနေရတာလဲ!!!!.... ပြောပါဦး.... ငါ့ကိုတစ်ချက်လောက်ရှင်းပြပါဦး..... JiMin ရယ်...."

ဒေါသတကြီး အော်ဟစ်နေတဲ့ TaeHyung ဟာ တဖြည်းဖြည်းနဲ့ အသံတိုးဝင်လာကာ နောက်ဆုံး ငိုချတော့သည်..... မျက်နှာကို လက်၂ဖက်ဖြင့် အုပ်ကာ ရှိုက်ကြီးတငင်ကို ငိုနေသည်... JiMin မှာလဲ နှစ်သိမ့်ပေးဖို့ အင်အားမရှိပေ... Tae ပြောသမျှ ခံရမည်သာ... ပြောသွားတာတွေကလဲအမှန်တွေကြီးပဲမို့ နာခွင့်မရှိ.... သူကိုယ်တိုင်လဲ ဒီလိုအချစ်မျိုးကြီးနဲ့ ကြုံရတာကို အရမ်းစိတ်ပျက်ပါသည်.... ပင်ပန်းပါသည်... သို့သော် ရုန်းထွက်ဖို့ဆိုတာလဲ မဖြစ်နိုင်တာမို့ တောင်းပန်ရုံသာတတ်နိုင်ခဲ့သည်.... အရင်ထဲက အေးတူပူမျှ လိုက်ငိုပေးနေကြ သူငယ်ချင်းလေး.... အခုလိုငိုနေတာ မြင်ရတော့ JiMin လဲ ပင်ပန်းရသမျှအတိုးချပြီး လိုက်ငိုမိတော့သည်....

The Best Liar (Season 2)Where stories live. Discover now