The Best Liar (Ep 3)

7.5K 1K 323
                                    

"JiMin ငါရောက်ပြီ...."

"အင်း....ဝင်လာလေ...."

"ဒီမှာ ငါခေါ်လာပြီ.... မိတ်ဆက်ပေးမယ်...."

ဒီနေ့က JiMinရဲ့ plan စတင်မယ့်နေ့... ဆိုတော့ကာ လိုအပ်မယ့် အရာတွေပြင်ဆင်ဖို့အတွက် TaeHyung လူ၃ယောက်အား ခေါ်လာခဲ့ရသည်...  ထိုသူတွေက တခြားသူတွေတော့ မဟုတ်...TaeHyung ရဲ့ stylist , make- up artist နဲ့ manager တို့ပင်ဖြစ်သည်....

အားလုံးထင်တဲ့အတိုင်းပင် JiMin ရဲ့ ကြီးမားတဲ့ plan ကတော့ straight တစ်ယောက်ကို လိုက်ဖို့ သူကိုယ်တိုင် မိန်းကလေးလို ဝတ်စားဆင်ယင်မည်တဲ့.... ဘယ်လိုတောင်လဲ...ထို့ကြောင့်ပဲ အစက TaeHyung အသဲအသန်တားခဲ့ခြင်းဖြစ်သည်.... အခုတော့လဲ လိုက်လျောရုံပဲရှိတော့တာဆိုတော့ ယုံကြည်ရတဲ့ အနားက ဒီ၃ယောက်ကိုသာ ပြင်ဆင်ဖို့ခေါ်လာခဲ့ခြင်းဖြစ်သည်.....

"JiMin ဒါက stylist hyung.... နာမည်က Nicky တဲ့..."

"တွေ့ရတာဝမ်းသာပါတယ်...."

"ဒါက make-up artist noona Bella တဲ့...."

"အင်း....တွေ့ရတာဝမ်းသာပါတယ်..."

"ဒါကတော့ မင်းသိပြီးသားပါ... ငါ့ရဲ့ manager hyung SooHyuk "

"တွေ့ရတာဝမ်းသာပါတယ်...."

JiMin နှုတ်ဆက်ပုံကို ကြည့်ပြီး ၃ယောက်လုံးအင်တင်တင်ဖြစ်နေကြသည်.... အနည်းလဲ ရှိန်နေပုံရသည်.... ဟုတ်ပါရဲ့ သူနှုတ်ဆက်နေပုံက အကူအညီလိုတဲ့ လူနှင့်မတူပဲ ဝတ်ကြေတန်းကြေသာနှုတ်ဆက်နေသည်လေ.... လက်ဆွဲနှုတ်ဆက်သည် သို့သော် ခါးလဲမကိုင်းတဲ့အပြင် လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲကတောင် မထုတ်... ပြီးတော့ အိမ်ထဲမှာနေတာတောင် mask ကမချွတ်တာ ဘယ်လိုတောင်လား.....TaeHyungက ဆက်ဆံရေးကောင်းသလောက် ဒီကောင်လေးက ဆန့်ကျင်ဘက်ဟု ၃ယောက်လုံးတွေးမိကြသည်....

"အဲ့တော့ အရင်ဆုံး ငါဘာလုပ်ရမလဲ..."

"အရင်ဆုံး Bella noona နဲ့ မျက်နှာအရင်ပြင်လိုက်လေ.... ပြီးမှ Nicky Hyung က အဝတ်အစားပြင်ပေးလိမ့်မယ်.... ကျန်တာကတော့ ငါနဲ့ SooHyuk hyung တာဝန်ထား..."

"အိုကေ...."

​ပြောပြီး ဘောင်းဘီအိတ်ထဲလက်ထည့်ကာ အေးအေးလူလူအခန်းထဲ ပြန်ဝင်သွားတဲ့ သားကောင့်သားကို TaeHyung မနည်းစိတ်ထိန်းထားရသည်.... Bella noona မှာလဲ လိုက်ဝင်သွားမလို ဘာလိုလိုဖြင့် ကြောင်တောင်တောင်ဖြင့်သာကျန်ခဲ့လေသည်...

The Best Liar (Season 2)Where stories live. Discover now