The Best Liar (Ep 20)

8.1K 870 164
                                    

JiMin ရင်တွေခုန်ပြီး ဘာပြန်ဖြေရမလဲမသိဖြစ်နေချိန်တွင် TaeHyung ရဲ့အောက်ထပ်ကခေါ်သံ​က ထွက်ပေါက်တစ်ခုဖြစ်လာစေသည်.....

"JiMin ရေ..... စားစရာတွေရောက်နေပြီ.... Yoongi Hyung ကိုပါနှိုးခဲ့ဦး!!!!...."

"အော်... အေး.... လာပြီ!!!.... ဆင်းနှင့်လေ JungKook.... ငါ Yoongi Hyung ကိုနှိုးပြီးလာခဲ့မယ်...."

"အင်း...."

အိမ်ရှင်ကဆင်းဆိုလို့သာ ဆင်းလာရတယ်... JungKook အတွေးတို့၌ JiMin-shi က Yoongi Hyung ကိုကြ Hyung တပ်ခေါ်ပြီး သူ့ကြမှ JungKook လို့ခေါ်နေတာပင်.... JiMin-shi ရဲ့အကျင့်တွေက ထူးဆန်းလို့ကောပြီးဦးမှာလား.... 3နှစ်ကြီးတဲ့ သူကကော လေးစားစရာမကောင်းနေလို့လား..... ညီမရဲ့ဘဲမို့လို့ တမင်အာဏာပြချင်နေတာလား... သို့လော သို့လောအတွေးတို့ဖြင့် ရှုပ်ရှက်ခတ်နေရတဲ့အပြင် ထမင်းစားခန်းထဲက ဖောက်ပြန်တဲ့သူ၂ယောက်ကို မြင်လိုက်ရတာကြောင့် မျက်မှောင်ပါကျုံ့လိုက်မိသည်..... အခုလဲထို၂ယောက်က ဘေးချင်းကပ်ထိုင်ကာ တိုးတိုး တိုးတိုးဖြင့်....JiMin ဆင်းလာတော့မှာကို အနေအထိုင်မဆင်ခြင်ကြဘူး.....

လူအားလုံးစုံတဲ့အခါ ထမင်းစားခန်းထဲ၌ JiMin က ထိပ်ဆုံးခုံတွင်နေရာယူသည်.... ညာဘက်အခြမ်းမှာ Taehyung နှင့် HoSeok Hyung တို့ရှိပြီး ဘယ်ဘက်အခြမ်းတွင် JungKook နှင့် Yoongi Hyung တို့က ထိုင်နေကြသည်.... စားနေရင်းမှ JungKook ကိုခိုးခိုးကြည့်မိတော့ စိတ်ထဲကြည်နူးသလိုဝမ်းနည်းသလိုဖြစ်လာရသည်.... ကြည်နူးတာက အခုနေ့လည်စာတူတူစားနေရလို့ဖြစ်ပြီး ဝမ်းနည်းတာက နောက်ဆုံးတူတူစားခဲ့ကြတဲ့ ညနေစာလေးကိုသတိရမိသောကြောင့်ဖြစ်သည်.... TaeHyung နဲ့ HoSeok Hyung တို့အတွဲလေးကို မျက်စိရောက်မိပြန်တော့ JiMin မျက်ရည်ပါဝဲတတ်လာမိသည်.... ထိုနေ့ညနေခင်းတုန်းက သူနဲ့ JungKook သည်လဲ TaeHyung တို့ကဲ့သို့ ဟင်းတွေ အပြန်အလှန်ထည့်ပေးလိုက် ပြုံးလိုက်ရယ်လိုက်ဖြင့် အတူတူစားခဲ့ဖူးသည်လေ..... ကိုယ်က အချစ်ရေးကံမကောင်းခဲ့ပေမယ့် ကိုယ့်သူငယ်ချင်းလေး TaeHyung ကတော့ အချစ်ရေးကံကောင်းသည်.... HoSeok Hyung လိုလူနဲ့ဖူးစာစုံရပြီး ပျော်ရွှင်နေရသည်လေ..... JiMin မျက်ရည်ဝဲနေတဲ့ကြားကပင် ပြုံးမိကာ TaeHyung အတွက် ဝမ်းသာပေးမိသည်.....

The Best Liar (Season 2)Där berättelser lever. Upptäck nu