The Best Liar (Ep 18)

6.7K 868 113
                                    

ဒီနေ့ Minnie ဆုံးတာ (2)ပတ်တိတိပြည့်တဲ့နေ့... မခံစားရဘူးလားဆိုတော့.... အဟက်.... ခံစားရတာပေါ့ဗျာ.... ကိုယ့်ချစ်သူတစ်ယောက်လုံးနဲ့ သေကွဲ ကွဲခဲ့ရတာကို..... အခုထိလဲ လက်မခံနိုင်သေးသလို ယုံလဲမယုံကြည်နိုင်သေးပါဘူး..... အဆင်ပြေနေတယ်ဆိုတဲ့ စကားထက် အဆင်ပြေအောင် ကြိုးစားပြီးနေထိုင်နေတယ်ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်....

ရှေ့တစ်ပတ်က တစ်နည်းအားဖြင့် Minnie ဆုံးတာတစ်ပတ်ပြည့်တဲ့နေ့က အထိန်းတော်Lee ထပ်ရောက်လာခဲ့တယ်.... ထပ်ပြီးသတိလာပေးတဲ့သဘောပါ.... အဖိုးမှာအချိန်သိပ်မကျန်တော့ဘူးတဲ့... Jeon Group ကိုကာကွယ်နိုင်ဖို့ဆို အဖိုးမဆုံးခင် လှုပ်ရှားမှအဆင်ပြေနိုင်မယ်တဲ့..... လှုပ်ရှားတယ်ဆိုတာကလဲ ကျွန်တော့အဖေဆိုတဲ့လူ Jeon TaeHwan နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ပါ.....
အဖိုးက သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို အကုန်လွှဲထားပေးတယ်ဆိုပေမယ့် Jeon TaeHwan နဲ့မတိမ်းမယိမ်းဖြစ်နေတဲ့အပြင်..... Jeon TaeHwan က အုပ်ချုပ်တဲ့သက်တမ်းကြာတာကြောင့် ရှယ်ယာရှင်တစ်ချို့တစ်ဝက်ကလဲ သူ့ဘက်တော်သားဖြစ်နေပြန်တယ်.... ကျွန်တော်နိုင်ဖို့ဆိုတာ သိပ်မလွယ်ကူနိုင်တဲ့ကိစ္စပေါ့..... ဒါ့ကြောင့် အခုရက်ပိုင်း Jeon Group နဲ့ပက်သတ်တဲ့ အပိုင်းတွေကိုလေ့လာနေတယ်.... Jeon TaeHwan ရဲ့ အောက်ဖဲတစ်ချို့ကိုလဲ ရှာဖွေစုဆောင်းနေရတယ်..... အလုပ်ရှုပ်နေတာလဲ တစ်မျိုးတော့ကောင်းတာပေါ့ဗျာ.... Minnie ကို လွမ်းရတဲ့ နာကျင်မှုတွေ နည်းနည်းသက်သာစေတာပေါ့.....

အလုပ်လုပ်နေရတဲ့အချိန်တွေမှာ အဆင်ပြေပေမယ့်...... အလုပ်ကပြန်လာပြီး ညဘက်တွေဆို လွမ်းတဲ့စိတ်က နှိပ်စက်တယ်.... သန်မာတဲ့ယောကျားဒဏ်မဲ့ ညတိုင်းလိုလို ရှိုက်ကြီးတငင်ငိုနေမိတယ်..... အရက်နဲ့ဖြေသိမ့်ကြည့်ပေမယ့် အဆင်မပြေပြန်ဘူး..... ကျွန်တော့ရင်ထဲက ပူလောင်မှုတွေက အရက်တောင်မယှဥ်နိုင်ဘူးထင်ပါရဲ့....

လွမ်းတဲ့စိတ်ကြောင့် မျက်ရည်ကျမိရင်.....
အဲ့မျက်ရည်တွေကြောင့် ပြန်လွမ်းမိပြန်တယ်....

ကျွန်တော့ကြောင့် အမြဲငိုနေခဲ့ရတဲ့ ချစ်သူလေး...
မျက်ရည်ကျရင်တောင် လှရက်လွန်းတဲ့ သူမ....
အဲ့လိုနတ်ဘုရားမလေးကို ငိုအောင်လုပ်ခဲ့မိလို့လား မသိဘူး..... ကျွန်တော်ကျိန်စာသင့်နေရပြီထင်ပါရဲ့... မြေခခဲ့ရတဲ့ သူမရဲ့ ဖြူစင်တဲ့ မျက်ရည်တွေအတွက် ကျွန်တော် ပြန်ငိုကြွေးနေရပြီ... ကားအနီရောင်လေးတွေမြင်တိုင်း စိတ်နာနေမိတယ်..... မီးဖိုချောင်ထဲဝင်တိုင်း မြင်ယောင်မိတဲ့ သူမရဲ့ပုံရိပ်လေးတွေ...... ကျွန်တော့ရဲ့ ရှပ်အကျီအဖြူရောင်လေးနဲ့ လှချင်တိုင်းလှရက်ခဲ့တဲ့ သူမ..... ကျွန်တော်ချက်ကျွေးသမျှကို ပျော်ရွှင်စွာစားပေးခဲ့တဲ့ သူမ..... လက်မလေးထောင်ပြပြီး ချစ်စရာကောင်းလွန်းအောင် ဝေဖန်ပေးခဲ့တဲ့ သူမ.....
"Minnieလေ.....Jeonကို အဆုံးရှုံးမခံနိုင်လောက်အောင် ချစ်တယ်" ဆိုပြီး လေးနက်စွာစတင်ဖွင့်ပြောခဲ့တဲ့ သူမရဲ့ပုံရိပ်တွေ...... အဲ့ဒီပုံရိပ်တွေကြောင့် ကျွန်တော် မီးဖိုချောင်ထဲဝင်ရမှာတောင် ကြောက်လာမိတယ်..... Chef တစ်ယောက်က မီးဖိုချောင်ဝင်ရမှာ ကြောက်တယ်ဆိုတာ တခြားသူတွေကြားရင် လှောင်ရယ်နေကြမလား...... အဲ့လိုအလွမ်းဒဏ်တွေကို အံတုရင်း ကျွန်တော်အဆင်ပြေအောင် ကြိုးစားရှင်သန်နေပါတယ်....

The Best Liar (Season 2)Where stories live. Discover now