The Best Liar (Ep 4)

7.5K 1.1K 275
                                    

"သေပြီဟေးးး သေပြီဟ...."

JiMin တစ်ယောက် ကိုယ့်နှဖူးကိုယ်သာ တစ်ဖတ်ဖတ်ရိုက်နေတော့သည်....TaeHyung ကလဲခေါင်းမီးတောက်လျှက် ငူငူကြီးထိုင်နေသည်....

အကြောင်းမှာ..... ညနေက သူတို့၂ယောက်ရဲ့ ပုံတွေ twtပေါ်မှာ ပလူပျံနေခြင်း.... နဂိုထဲက ဒီလိုနေနေကြဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ public မှာဆိုတာကိုကော TaeHyung က နာမည်ကြီးတဲ့ idol ဆိုတာကိုကော မေ့သွားခဲ့ကြပုံပေါ်သည်....  အရေးအကြီးဆုံးနောက်တစ်ချက်က JiMinက မိန်းကလေးလိုဝတ်စားထားသည် မဟုတ်ပါလား..... ဘယ်သူမဆို ယောကျားလေးနဲ့ မိန်းကလေးဒီလောက်နီးကပ်နေကထဲက ယုန်ထင်ကြောင်ထင် ထင်ကြတော့မှာမလွဲဧကန်ပင်....

ပိုဆိုးသည်က JiMin စိတ်ညစ်နေတုန်း နားသယ်ဆနားက ဆံပင်လေးကို သပ်တင်ပေးတာတို့ TaeHyung ပုခုံးပေါ် JiMinကခေါင်းလေးမှီအိပ်နေတာတို့.... ထိုသို့သော အဓိက ပုံတွေပါလာခြင်းဖြစ်သည်..... ဘယ်လိုလုပ်သွားငြင်းတော့မလဲ... ငြင်းကြရင်ကော ယုံကြမှာတဲ့လား.....

TaeHyung ဆီကိုလဲ Agency က ဖုန်းတွေတဂွမ်ဂွမ်ဆက်နေပြီ ဖြစ်သည်.... msg တွေလဲတောက်လျှောက်ဝင်... သတင်းတွေလဲ တောက်လျှောက်တတ်နေသည်..... အကြောင်းသိနေတဲ့ manager SooHyuk Hyung, Noona Bella နဲ့ Stylist Nicky Hyungတို့ကိုတော့ agency ကဘယ်သူ ဘာမေးမေး ဘူး ခံငြင်းပါလို့ နှုတ်ပိတ်ထားရသေးသည်.....

အခြေအနေက တကယ်ကို ဂျင်းထဲကြပ်ထဲမှာ...

TaeHyung ကလဲ ဒီ Dating rumor အတွက်စိတ်ပူနေသလို JiMin ကလဲ Jeon သာသိသွားခဲ့ရင် ဆိုပြီး ပူလောင်နေရသည်.... ဇာတ်လမ်းက မစခင်ထဲက အဆုံးသတ်တော့မှာလား.... အဲ့လိုဆိုရင်တော့ မဖြစ်ဘူးနော် Jeon.....

"ဘယ်လိုလုပ်မလဲ JiMin-ah.."

"တစ်ခုပဲရှိတယ်...."

"ဘာလဲ..."

"ငြင်းလဲ မငြင်းဘူး ..... confirm လဲမလုပ်ဘူး.... ဒီအတိုင်းပဲ မသိချင်ယောင်ဆောင်နေရအောင်.... ဒါနဲ့ မင်း agency က အဆင်ပြေပါ့မလား..."

"မပြေလဲ ပြေရမှာပေါ့..... ငဲ့နေရအောင် ငါက group နဲ့လဲမဟုတ်... solo artist ပဲကို... ပြီးတော့ မင်းလောက် ဘယ်သူမှအရေးမကြီးဘူး..."

"ကျေးဇူးပါ TaeTae yah...."

"လိုလား...."

JiMinနဲ့ TaeHyung တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြသည်....  ဖြစ်လိုက်ရင်ဖြင့် တလွဲ...ပြီးတော့ ပြောခဲ့သားပဲ... Kim TaeHyung ဆိုတာ Park JiMin နဲ့ တခြားအရာတွေယှဥ်လာတဲ့အခါ Park JiMin ကိုပဲ ရွေးချယ်မယ့် လူစားမျိုးပါလို့.....

The Best Liar (Season 2)Where stories live. Discover now